Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြိုကို စစ်ကောင်စီအဖွဲက Jet Fighter  ၂ စီး၊ စစ်ရဟတ်ယာဉ် ၃ စီးနှင့် Y 12 ၁ စီးအပြင် နေဗီ ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ၊  ဦးစိုး တင့်ရပ်ကွက် တွင်မီးလောင်နေ

မင်းပြားမြိုကို စစ်ကောင်စီအဖွဲက Jet Fighter  ၂ စီး၊ စစ်ရဟတ်ယာဉ် ၃ စီးနှင့် Y 12 ၁ စီးအပြင် နေဗီ ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ၊  ဦးစိုး တင့်ရပ်ကွက် တွင်မီးလောင်နေ

AB News – ဇန်နဝါရီ ၁၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြိုတွင် စစ်ကောင်စီအဖွဲက Jet Fighter  ၂ စီး၊ စစ်ရဟတ် ယာဉ် ၃ စီးနှင့် Y 12 ၁ စီးအပြင် နေဗီ ၂ စီးဖြင့် ပစ်ခတ်တိုက်နေပြီး ယနေ့ ဇန်နဝါရီ ၁၄ ရက် နံနက် ၁၁ နာရီခွဲ အချိန်မှ စ၍ ဦးစိုး တင့်ရပ်ကွက် မီးလောင်နေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ ဇန်နဝါရီ ၁၄ ရက် နံနက် ၁၁ နာရီခွဲ အချိန်တွင် စစ်ကောင်စီအဖွဲက Jet Fighter  ၂ စီး၊ စစ်ရဟတ် ယာဉ် ၃ စီးနှင့် Y 12 ၁ စီးအပြင် နေဗီ ၂ စီးဖြင့် ပစ်ခတ်တိုက်သောကြောင့် ဦးစိုး တင့်ရပ်ကွက် မီးလောင်နေသည်ဟု မြိုခံ ၁ဦးက ပြောသည် ။

“ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်မှာ စစ်ကောင်စီအဖွဲဟာ မင်းပြားမြိုကို Jet Fighter  ၂ စီး၊ စစ်ရဟတ် ယာဉ် ၃ စီးနဲ့ Y 12 ၁ စီးအပြင် နေဗီ ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အဲ့ဒါကြောင့် မင်းပြားမြို၊ ဦးစိုး တင့်ရပ်ကွက် မီးလောင်နေတယ်။ မီးက အခုထိ လောင်နေတယ်” ဟု ဆိုသည်။

ယမန်နေ့ ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ၉ နာရီအချိန်တွင် စစ်ကောင်စီအဖွဲ ခမရ ၅၄၁  တပ်ရင်းကပစ်ခတ်သည့် လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲကာ မင်းပြားမြို၊ အောက်ရွာပိုင်းမှ အိမ်အချို မီးလောင်ကျွမ်းခဲ့ရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့  ညနေ ၅ နာရီကျော်အချိန်တွင်လည်း စစ်ကောင်စီအဖွဲက ပစ်ခတ်သည့် လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲပြီး မင်းပြားမြို၊ သပြေညိုရပ်ကွက် မီးလောင်ခဲ့ကြောင်း သိရသည်။

ထိုအပြင် မြောက်ဦးမြိုထဲတွင်လည်း နေအိမ်အချို စစ်ကောင်စီပစ် ကျည်ကျရောက်ပေါက်ကွဲပြီး မီးလောင်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ