Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနှင့် မြောက်ဦးကို စစ်ကောင်စီအဖွဲ့က Jet Fighterဖြင့် အကြိမ် ၃၀ ကျော်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေ

မင်းပြားနှင့် မြောက်ဦးကို စစ်ကောင်စီအဖွဲ့က Jet Fighterဖြင့် အကြိမ် ၃၀ ကျော်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေ

AB News – ဖေဖော်ဝါရီ ၅၊ ၂၀၂၄

ရက္ခိုင်ပြည်ရှိ မင်းပြားနှင့် မြောက်ဦးကို ယနေ့ ဖေဖော်ဝါရီ ၅ နံနက် ၉နာရီခွဲအချိန်မှ ယခု ၁၁ နာရီကျော်အချိန်ထိ စစ်ကောင်စီအဖွဲ့က Jet Fighterဖြင့် အကြိမ် ၃၀ ကျော်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေကြောင်း  AB News မှ စုံစမ်းသိရသည်။

ယနေ့ ဖေဖော်ဝါရီ ၅ နံနက် ၉နာရီခွဲအချိန်မှ စတင်ကာ စစ်ကောင်စီအဖွဲ့က Jet Fighterဖြင့် မင်းပြားနှင့် မြောက်ဦးကို အကြိမ် ၂၀ ကျော်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံ ၁ဦးက AB News သို့ ပြောသည်။

“ဒီနေ့ မနက် ၉နာရီခွဲအချိန်က စပြီးတော့ မင်းပြားနဲ့ မြောက်ဦးကို ဗုံးကြဲတိုက်ခိုက်နေတယ်။ အခုဆိုရင် ဗုံးကြဲနေတာ အကြိမ် ၃၀ ကျော်ရှိပြီ။ မင်းပြားမြို့ထဲမှာ နေအိမ်တွေ မီးလောင်နေပါတယ်။ မီးခိုးတွေကို လှမ်းမြင်နေရတယ်။ ထိခိုက်သေဆုံးတာတွေတော့ အတိအကျ မသိရသေးဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့ ခမရ ၃၈၀ တပ်ရင်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ပြီးနောက် ကျန်ရှိနေသည့် ခမရ ၅၄၁ တပ်ရင်းနှင့် ခမရ ၃၇၉ တပ်ရင်းကိုလည်း ရက္ခိုင့်တပ်တော်က သာလွန်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ထို့အပြင် မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၃၀၀ကျော် ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း ဖေဖော်ဝါရီလ ၁ရက်နေ့၊ ညဥ့် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင်ညီနောင် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ရက် မွန်းလွဲ ၁နာရီကျော်အချိန်တွင် စစ်ကောင်စီအဖွဲ့က ပလက်ဝမြို့နယ်ရှိ ရက္ခိုင့်တပ်တော်စိုးမိုးသိမ်းပိုက်ထားသည့် နေရာများနှင့် ချင်းတော်လှန်ရေးအင်အားစုများ အခြေစိုက်ထားသည့် တည်နေရာအနီးရှိ ကျေးရွာများကို ၃ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၇ဦး သေဆုံးခဲ့ရသည်။

စစ်ရှုံးနေသော စစ်ကောင်စီအဖွဲ့သည် စစ်ဖက် အရပ်ဖက် ခွဲခြားခြင်း မရှိဘဲ မြေပြင်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဝေဟင်မှ ရဟတ်ယာဥ်များဖြင့် ပတ်ခတ် တိုက်ခိုက်လျက်ရှိသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ