Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ် နရမ်းနှင့် ဖလောင်းပြင်ကားဂိတ်အနီး ကုန်တင်ကား ၁စီး မြောင်းထဲသို့ထိုးကျ

ABN – ကိုဟိန်းထွန်း

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ နရမ်းနှင့် ဖလောင်းပြင်ကားဂိတ်အနီးတွင် ကုန်တင်ကား ၁ စီး နေ့လည် ၃ နာရီခန့်က မြောင်းထဲသို့ထိုးကျသွားကြောင်းသိရသည်။

၎င်းကားမှာ မြောက်ဦးမြို့မှ မင်းပြားမြို့သို့လာသည့်လမ်းတွင် မိုးအနည်းငယ်ရွာသွန်းသဖြင့် ဘရိတ်အုတ်၍ မမိလိုက်သည့်အတွက် မြောင်းထဲသို့ ထိုးကျသွားကြောင်း ဒေသခံ ၁ ဦးက ABN သို့ဖုန်းဆက်ပြောဆိုသည်။

“ကုန်တင်ကားက မြောက်ဦးဖက်က မင်းပြားကိုလာတယ်၊ မိုးနည်းနည်းရွာတယ်၊ ကားမောင်းတဲ့သူက ဘရိတ်အုပ်တယ်၊ မမိလိုက်ဘူး၊ ချော်ပြီး မြောင်းထဲကို ထိုးကျသွားတယ်” ဟု ဆိုသည်။

လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ၎င်းကားကို ရပ်နားထားပြီး နရမ်းနှင့် ဖလောင်းပြင်ကားဂိတ်အနီးမှ ကရိန်းငှား၍ ဆွဲတင်သွားမည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ