Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ် ကျားပိုက္ကေရွာမှ ၃ ရက်ကြာပျောက်ဆုံးနေသူအား ရေထဲ၌ သေလျက်တွေ့ရှိ

ABN-ရှိုင်းမိုး

ဇူလိုင် ၁၈ရက်

မင်းပြားမြို့နယ် သစ်ပုတ်တောင်ရွာ စာသင်ကျောင်းအနောက်ဖက်ရှိ မြစ်ကမ်းစတွင် ယနေ့နံနက် ၁၁နာရီ ၃၀ မိနစ်အချိန်က ၃ ရက်ကြာ ပျောက်နေသည့် အမျိုးသား ၁ ဦးကို ရေထဲ၌ သေလျက် တွေ့ရှိကြောင်း သိရသည်။

ထိုလူသေအလောင်းမှာ မင်းပြားမြို့နယ် ကျားပိုက္ကေရွာမှ အသက် ၅၃နှစ်အရွယ် ဦးမောင်လှသိန်းဖြစ်သည်ဟု ရွာခံသားတစ်ဦးကပြောသည်။

“အလောင်းက ကျွန်တော်တို့ ကျားပိုက္ကေရွာကပါ၊ သူပျောက်နေတာ ဒီနေ့ပါဆိုရင် ၃ရက်ရှိပါပြီ” ဟု ဆိုသည်။

သူသည် ဇူလိုင်လ ၁၆ရက်နေ့ နံနက် ၈နာရီအချိန်ခန့်က ရွာအပြင်တနေရာသို့ ထွက်သွားသောကြောင့် သားဖြစ်သူ မောင်မြင့်ဦးမှာ လိုက်လံရှာဖွေနေခဲ့သည်ဟု သေဆုံးသူ၏ အိမ်နီးချင်းတစ်ဦးကပြောသည်။

“၁၆ရက်နေ့ကနေ ရွာကထွက်သွားတာပါ၊ ရွာသားတွေနဲ့ သူရဲ့သားတို့လိုက်ရှာကြပါတယ်၊ မတွေ့ပါဘူး၊ သူကအခုလို ခဏခဏသွားနေကြပါ၊ ဒါပေမယ့် စားချိန်သောက်ချိန်ပုံမှန်ရောက်ပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး “သူက အရက်သောက်တာများသွားတော့၊ စိတ်ကပုံမှန်မဟုတ်သလိုဖြစ်နေတာပါ၊ သူမသေခင်ကဆိုရင် သူ့ကိုလူတွေသတ်တယ်ဆိုပြီး ခဏခဏပြောပါတယ်” ဟု၎င်းကဆက်ပြောသည်။

ဇူလိုင်လ ၁၇ရက်နေ့ နံနက် ၉နာရီကျော်အချိန်ကလည်း ကျောက်ဖြူမြို့ ကလဘာတောင်ရပ်ကွက် သီဟိုတော လမ်းဘေးရေမြောင်းတွင် ဒဏ်ရာများဖြင့် လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။

ရခိုင်ပြည်တွင် ဇူလိုင်လ ၁၁ရက်နေ့ကလည်း စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ရေမြောင်းထဲတွင် အမည်မသိ လူတစ်ဦးသေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

မင်းပြားနယ် ကျားပိုက္ကေရွာမှ ၃ ရက်ကြာပျောက်ဆုံးနေသူအား ရေထဲ၌ သေလျက်တွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ