Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် အသက် ၅၈နှစ်အရွယ်အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး

ABN-ရှိုင်းမိုး

ဇွန် ၇ရက်

ဇွန်လ ၅ရက်နေ့ ညနေ ၄နာရီကျော်အချိန်တွင် မင်းပြားမြို့နယ် ကြိမ်ချောင်းရွာမှ အသက် ၅၈နှစ်အရွယ်အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့သည်ဟုသိရသည်။

သေဆုံးသွားသော အမျိုးသမီးသည် ကြိမ်ချောင်းရွာမှ အဖ ဦးမောင်မြသာ၏ သမီး ဒေါ်မဘုဖြစ်သည်ဟုသိရသည်။

သူမသည် ၎င်း၏ ကြိမ်ချောင်းရွာမှ ကျွဲကြိုရွာတွင် သေဆုံးသွားသော အစ်မဖြစ်သူ၏ ရက်လည်ဆွမ်းကျွေးပွဲကိုသွားရာလမ်းတွင် ရေနစ်သေဆုံးသွားခဲ့သည်ဟုသိရသည်။

သူမ၏အလောင်းကို ယနေ့နံနက် ၈နာရီအချိန်တွင် ကြိမ်ချောင်းရွာနှင့် ကျွဲကြိုရွာကြား လယ်ကွင်းတွင်တွေ့ရှိခဲ့သည်ဟုမျက်မြင်သက်သေတစ်ဦးကပြောသည်။

“သူက ကြိမ်ချောင်းကပါ၊ ​ကျွဲကြိုရွာမှာ သူ့အစ်မရက်လည်ဆွမ်းကျွေးတာကိုသွားတာပါ၊ ညနေ ၄နာရီလောက်မှာရေနစ်သွားတာပါ၊ သူ့အလောင်းကိုတော့ ဒီနေ့ မနက်ကပဲ တွေ့ပါသေးတယ်” ဟုရွာခံသားတစ်ဦးက ပြောသည်။

မေလ ၂၅ရက်နေ့ နံနက် ၉နာရီအချိန်ခန့်တွင် ရသေ့တောင်မြို့နယ် သမီးလှရွာသစ်မှ အသက် ၁၃နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဂုံးရှာသွားသည့်အချိန်တွင် ရေနစ်သေဆုံးခဲ့သည်။

မင်းပြားနယ်တွင် အသက် ၅၈နှစ်အရွယ်အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ