Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် အစာအဆိပ်သင့်၍ အမျိုးသားတစ်ဦးသေဆုံး

မင်းပြားနယ်တွင် အစာအဆိပ်သင့်၍ အမျိုးသားတစ်ဦးသေဆုံး

ABN-ရှိုင်းမိုး

သြဂုတ် ၁၅ရက်

သြဂုတ်လ ၁၄ရက်နေ့ နေ့လည် ၃နာရီကျော်အချိန်က မင်းပြားမြို့နယ် င/တန်ပျင်းရွာမှ အမျိုးသားတစ်ဦး အစာအဆိပ်သင့်၍ သေဆုံးခဲ့သည်ဟုသိရသည်။

သေဆုံးသူသည် မင်းပြားမြို့နယ် င/တန်ပျင်းရွာမှ အဖ ဦးရဲလှအောင်၏သား အသက် ၅၃နှစ်အရွယ် ဦးလှရွှေအောင် ဖြစ်ကြောင်းသိရသည်။

၎င်းသည် မသေဆုံးမီက မင်းပြားမြို့သို့ သွားရောက်ခဲ့ပြီး အရက်တနေကုန် သောက်နေခဲ့ကာ မာလကာသီးစားခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းကြိုင်ကပြောသည်။

“သူက တနေ့လုံးအရက်သောက်နေတာ၊ မင်းပြားမသွားခင်လည်း အရက်သောက်ခဲ့တယ်၊ မင်းပြားက ရွာကိုပြန်လာပြီး ရွာပြန်ရောက်ရင်လည်း အရက်ထပ်သောက်တယ်၊ မာလကာသီး စားခဲ့တယ်လို့လည်းပြောတယ်၊ နောက်ထပ် မြို့မှာဘာတွေစားခဲ့တာလဲကျွန်နော်တို့လဲမသိဘူး” ဟုဆိုသည်။

​ထိုနေ့ နေ့လည် ၃နာရီကျော်အချိန်တွင် ရုတ်တရက်သတိမေ့သွား၍ မင်းပြားမြို့မ ဆေးရုံကြီးသို့ မိသားစုဝင်များပို့ဆောင်ပေးခဲ့သည်ဟုသိရသည်။

မင်းပြားဆေးရုံရောက်ပြီး ၄နာရီ ၁၀မိနစ်အချိန်တွင် သေဆုံးခဲ့ကြောင်း ရွာသားတစ်ဦးကပြောသည်။

“သူ ရုတ်တရက်သတိမေ့သွားတယ်၊ ဒါကြောင့် သူ့ကိုဆေးရုံးပို့ခဲ့ကြတယ်၊ ဆေးရုံးအဝကိုပဲရောက်တယ်၊ အသက် မရှိတော့ဘူး၊ ဆရာဝန်စစ်ဆေးတာကတော့ မလာကာသီးစားပြီး အရက်သောက်တယ်။ ဒါကြောင့် သေဆုံးခဲ့ရတယ်လို့” ပြောသည်ဟု၎င်းကဆိုသည်။

ဦးလှရွှေအောင်မှာ သားသမီး ၄ယောက်ရှိသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ