Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲက လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်အချို မီးလောင်နေ

မင်းပြားနယ်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲက လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်အချို မီးလောင်နေ

AB News – ဇန်နဝါရီ ၁၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊  မင်းပြားနယ်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲက လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်အချို မီးလောင်နေကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် သင်္ချိုင်းတောင်ကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် မင်းပြားမြိုနယ် တောင်တိုက်ရွာသို ကျရောက်ပေါက်ကွဲ ပြီး နေအိမ်အချိုမီးလောင်နေကြောင်း AB News က စုံစမ်းသိရှိရသည်။

ထိုအပြင် ရွာထဲသို စကစ တပ်ဖွဲဝင်များဝင်ရောက်လာသည့်အတွက် ပြည်သူများ အသက်လုထွက်ပြေးခဲ့ရကြောင်း မြို ခံ ၁ ဦးက AB News သိုပြောသည်။

သူတိုတွေက ကျမတိုရွာထဲကိုဝင်လာတယ်၊ အိမ်တွေကိုလည်း သေနတ်တွေနဲ့လှမ်းပစ်တယ်၊ ကျမတိုလည်း အသက်လုထွက်ပြေးခဲ့ရတယ်” ဟု ဆိုသည်။

ရွာ ၂ ရွာကြားတွင် တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် အကြမ်းဖက်စကစမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲနေကြောင်းလည်း သိရသည်။

အလားတူ ယမန်နေ့ဇန်နဝါရီလ ၁၀ ရက် ညနေ ၄နာရီ ၃၈မိနစ်တွင် မြောက်ဦးအခြေစိုက် ၃၇၇ တပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကျည် ၁ လုံးသည် ဝါစျီးရပ်ကွက်သို ကျရောက်ပေါက်ကွဲခဲ့ပြီး
နေအိမ် ၂ ဆောင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ထိုအပြင် ယနေ့နံနက် ၆ နာရီခန့်တွင် မြောက်ဦးအခြေစိုက် တပ်ရင်းများကို ရက္ခိုင့်တပ်တော်မှ ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ