Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် ဘုန်းကြီးကျောင်းအတွင်းသို့ လက်နက်ကြီးပေါက်ကွဲ၍ အမျိုးသားတစ်ဦး ဒဏ်ရာရ

မင်းပြားနယ်တွင် ဘုန်းကြီးကျောင်းအတွင်းသို့ လက်နက်ကြီးပေါက်ကွဲ၍ အမျိုးသားတစ်ဦး ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၆၊ ၂၀၂၃

စစ်ကောင်စီမှ ပစ်ခတ်လိုက်သောလက်နက်ကြီးသည် မင်းပြားမြို့နယ် အိုးပုံတောင်ကျေးရွာ၏ ဘုန်းကြီးအတွင်းသို့ ကျရောက်ပေါက်ကွဲ ပြီး အမျိုးသား တစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိသူမှု အသက် ၅၈ နှစ်အရွယ် ဦးင/ပြက်ချေဖြစ်သည်။

မင်းပြားမြို့အခြေစိုက် အကြမ်းဖက် စကစ အဖွဲ့ တိုင်းဗဟို ၉ မှ ဒီဇင်ဘာလ ၄ ရက် ည ၈ နာရီ မိနစ် ၂၀ တွင် လက်နက်ကြီး ၃ လုံးထက်မနည်း ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းတွင် အိပ်နေသော အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက AB News သို့ ပြောသည်။

” ည ၈ နာရီကျော်လောက်မှာ တိုင်းဗဟို ၉ ကလက်နက်ကြီးတွေပစ်တယ်၊ ဘုန်းကြီးကျောင်းတွင်းမှာ တစ်လုံးကျတယ်၊ ဆရာတော်အနီး အိပ်နေတဲ့ သူရဲ့ ခြေထောက်ကို ကျည်စထိမှန် သွားတယ် “ဟု ဆိုသည်။

၎င်း၏ ညာဖက်ခြေထောက်တွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့သည့်အတွက် နီးစပ်ရာဆေးခန်းများသို့ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အကြမ်းဖက် စကစအဖွဲ့ မှ လက်နက်ကြီး ၃ လုံးထက်မနည်းပစ်ခတ်ခဲ့ရာ အိုးပုံတောင်ဘုန်းကြီးအတွင်းသို့ ၁ လုံးကျရောက်ပြီး နောက် ၂ လုံးမှာ တောင်တန်းများတွင်ပေါက်ကွဲသွားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက် နေ့ကလည်း မင်းပြားနယ်တွင် ၎င်းတပ်ရင်းမှ ပစ်ခတ်သည့်လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများ အဖဦးအောင်လင်း နှင့် အမိ ဒေါ်ဝိုင်းချစ်စိုးတို့၏ သားငယ် အသက် ၁ နှစ် ကျော်အရွယ် မောင်မင်းသိန်းစံ၊ အဖ ဦးမောင်သန်း နှင့်အမိ ဒေါ် မနုတို့၏သမီး အသက် ၂၂ နှစ်အရွယ် မခင်မြင့်သန်း၊ အဖ ချေချေဘု၏သမီး အသက် ၁၅နှစ်အရွယ် မယုမွန်အေး၊ အသက် ၃၇ နှစ်အရွယ် ဒေါ်ရီရီအေး၊ တစ်ခြားအသက်မသိရသေး ဦးမြနု၊ လှလှဌေး၊ ဆန်းဦးနွယ်၊ ဦးကျော်တင် နှင့် အေးနုသာတို့ဖြစ်ကြသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၃ ရက် ည ၁၀ နာရီကျော်တွင် မြို့တွင်းအဆုံးသို့ကျရောက်ပေါက်ကွဲပြီး အလယ်စျေးခွဆုံမှ အသက် ၅၃ နှစ်အရွယ် ဒေါ်ဦးသိန်းနု၏ ခြေထောက်တွင် ဒဏ်ရာအသေးစားရရှိခဲ့သည်။

ယင်းအပြင် ဒီဇင်ဘာလ ၄ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်တွင် ရဟတ်ယာဥ်ဖြင့် ဗုံး ၆ လုံးကြဲချခဲ့ရာ စက်ပိုက်ပြင်ရွာမှ အသက် ၄၆ နှစ်အရွယ် ဦးသန်းမောင် နှင့် ဇာတိကိုင်းရွာမှ စစ်ဘေးရှောင်နေသော အမည်မသိအမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုသည် စစ်ပွဲဖြစ်ပွားနေသည့်နေရာများသို့ ဦးတည်ပစ်ခတ်ခြင်းမရှိဘဲ ပြည်သူများသို့ ပစ်ခတ်နေခြင်းများကြောင့် ရက္ခိုင်ရှိ ပြည်သူများ သိန်းနှင့် ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ