Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် ပျားဇီးပင်ပေါ်ကပြုတ်ကျပြီး ရေနစ်၍ အမျိုးသမီး တစ်ဦးသေဆုံး

ABN-ရှိုင်းမိုး

ဇူလိုင် ၁၅ရက်

မင်းပြားမြို့နယ်တွင် ဇူလိုင်လ ၁၄ရက်နေ့က ပျားဇီးပင်ပေါ်ကပြုတ်ကျပြီး ရေနစ်၍ အသက် ၄၅နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့သည်ဟုသိရသည်။

သေဆုံးသွားသော အမျိုးသမီးသည် မင်းပြားမြို့နယ် စွန်ရဲရွာမှ အသက် ၄၅နှစ်အရွယ်ရှိ ဒေါ်ဆန်းဆန်းဌေးဖြစ်သည်ဟုသိရသည်။

ဖြစ်စဥ်မှာ ဒေါ်ဆန်းဆန်းဌေးသည် ဇူလိုင်လ ၁၄ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်တွင် ပျားဇီးသီး ခူးရန်သွားသည့်အချိန် ပျားဇီးပင်မှပြုတ်ကျ၍ ရေနစ်သေဆုံးသွားသည်ဟု ရွာခံသားတစ်ဦးက ABNသို့ပြောသည်။

“သူက တစ်ယောက်ထဲ သွားတာပါ၊ ပျားဇီးသီးသွားခူးတာပါ၊ အပင်ကပြုတ်ကျလို့ရေနစ်သွားတဲ့ပုံပါ၊ သူမှာ သွေးတိုးလည်းရှိပါတယ်၊ သူ့အလောင်းကို ဒီနေ့မှရပါတယ်” ဟု၎င်းကပြောသည်။

သူမ၏အလောင်းကို ယနေ့နံနက် ၁၀ နာရီကျော်အချိန်တွင် ရွာသားများဝိုင်းဝန်းရှာကြရာမှ ရေနစ်သေဆုံးနေသည်ကိုတွေ့ရသည်ဟုဆိုသည်။

ဇူလိုင်လ ၈ ရက် နေ့လည်ပိုင်းက ကျောက်ဖြူမြို့၊ ငလပွိရပ်ကွက်မှ ၆တန်းကျောင်းသား ၂ဦးရေနစ်သေဆုံးခဲ့သည်။

ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၉နာရီကျော်အချိန်ကလည်း ပုဏ္ဏားကျွန်း ဦးရာဇ်တောင်ကြိုးတံတားပေါ်မှ အရက်မူးပြီးတံတားဖြတ်ကူးရာမှ ပြုတ်ကျ၍ အမျိုးသား တစ်ဦးရေနစ်သေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ