Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် နွားခရီးသွား ဘုတ်တစ်စီး ဓားမြတိုက်ခံရ၊ ငွေကျပ်သိန်း ၁၃ ကျော်ပါသွား

မင်းပြားနယ်တွင် နွားခရီးသွား ဘုတ်တစ်စီး ဓားမြတိုက်ခံရ၊ ငွေကျပ်သိန်း ၁၃ ကျော်ပါသွား

ABN-ရှိုင်းမိုး

စက်တင်ဘာ ၂၆ ရက်

မင်းပြားမြို့နယ် ပန်ဇင်းမော်ရွာ အနောက်ဘက်ရှိ မင်းမချောင်းဝ ကမ်းစပ်တွင် ရပ်ထားသော နွားဖြင့်ကုန်သွယ်ခရီးသွား ဘုတ်တစ်စီးမှာ စက်တင်ဘာလ ၂၅ ရက်နေ့ ညည့် ၁နာရီကျော်အချိန်က ဘုတ်ပေါ်တက်၍ ဓားမြတိုက်ခံရသည်ဟုသိရသည်။

ဓားမြတိုက် ခံလိုက်ရသည့် ဘုတ်မှာ မြေပုံမြို့နယ်ကမ်းထောင်းကြီးမြို့မှ ဦးမောင်လုံးနှင့် ဦးစိုးမင်းသူတို့ စီးနင်းလာသည့်ဘုတ်ဖြစ်ကြောင်းသိရသည်။

ထိုဘုတ်သည် စစ်တွေမြို့မှ နွား ၁၅ကောင်နဲ့ ကျွဲ ၂ ကောင်ပို့ပြီး၍ ပြန်လာချိန် လမ်းတွင်ဓားမြတိုက်ခံရခြင်းဖြစ်သည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ညည့် ၁နာရီကျော်က မူဆလင်အမျိုးသား ၄ ဦးသည် ရပ်ထားသော ဘုတ်သို့တတ်လာပြီး ဓားထောက်ကာ ဓားမြတိုက်ခဲ့ကြကြောင်း ဓားမြတိုက်ခံရသူများက ပြောသည်။

“ရှိတာအကုန်ပါသွားတယ်၊ ဖုန်း၊ ငွေ ၁၃ သိန်းကျော်၊ နောက်ပြီး တခြားဟာတွေလည်းပါတယ်” ဟုဆိုသည်။

ဓားမြတိုက်ခံရသော ပစ္စည်းများမှာ ငွေကျပ်သိန်း ၁၃,၁၀၀,၀၀ ၊ Redmi အပြာရောင်ဖုန်း ၁လုံး၊ အရှည် ၁တောင်ခန့်ရှိသော ဓားမ ၂ ချောင်း ၊ ဓားမီးကြီး ၂လုံး၊ ပုဆိုး ၁ထည် စသည်တို့ဖြစ်ပြီး ဓားမြများမှာ မင်းဂံရွာဖက်သို့ ဦးတည်ထွက်သွားကြောင်း ၎င်းတို့ကပြောသည်။

အဆိုပါ ဓားမြ ၄ဦးအဖွဲ့မှာ ဓားမြတိုက်စဥ်အတွင်း အချင်းချင်း မူဆလင်ဘာသာစကားဖြင့် ပြောကြသည်ဟု ဓားမြတိုက်ခံရသူများက ဆိုသည်။

စက်တင်ဘာလ ၁၆ရက်နေ့ကလည်း မင်းပြား ထောင့်ချောင်းကြီးရွာအနီးရှိ နန်းချောင်းဝတွင် မင်းပြားမြို့စျေးဟောင်းပိုင်းရပ်ကွက်က ဘုတ်တစ်စီးဓားမြတိုက်ခံလိုက်ရကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ