Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် ထင်းခုတ်သွားသည့်ရွာသား ၁ ဦး မိုင်းထိ၍ သေဆုံး

ABN-ရှိုင်းမိုး

မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာ၌ မိုင်းပေါက်ကွဲ၍ လူ ၁ ဦးသေဆုံးသွားသည်ဟုသိရသည်။

ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နေလည် ၁ နာရီကျော်အချိန်တွင် မင်းပြားမြို့နယ် ဖားပြိုရွာမှ ထင်းခုတ်သွားစဥ် စစ်ကောင်စီတပ်က ထောင်ထားသော မိုင်းကိုနင်းမိသောကြောင့် နေရာ၌ သေဆုံးသွားခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ မင်းပြားမြို့နယ် ဖားပြိုရွာမှ အသက် ၅၀ ကျော် အရွယ် ဦးသန်းရွှေမောင်ဖြစ်ကြောင်းသိရသည်။

“ ၁ နာရီကျော်လောက်ကတော့ အဲဒီတောင်ဖက်က မိုင်းပေါက်ကွဲသံကြားလိုက်ပါတယ်၊ သေသွားတဲ့သူက ဖား​ပြိုရွာကပါ၊ ကျွန်တော့်ရွာနှင့် နီးပါတယ်၊ ဖားပြိုရွာနှင့်က နည်းနည်းဝေးပါတယ်၊ အဲဒီတောင်မှာက စစ်ကောင်စီတပ်သားတွေနေထိုင်ပါတယ်” ဟု မြင့်တင်မ ရွာသားတစ်ယောက်ကပြောသည်။

စစ်ကောင်စီတပ်သားများတပ်စွဲနေထိုင်သည့် မင်းပြားမြို့နယ် လက်ခုတ်ချောင်းဖျားရွာအနား သင်္ချိုင်းတောင်တွင် တပ်အနီး မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့​ခြင်းဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီလ ၂၆ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်း ( မူဆလင် ) ရွာမှ မိုင်းနင်းမိ၍ ၁ ဦးသေဆုံးပြီး၊ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်တွင် ထင်းခုတ်သွားသည့် လူငယ် ၁ ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်သွားခဲ့ပြီး၊ ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၈နာရီကျော်အချိန်တွင် မင်းပြားမြို့နယ် ပန်းမြောင်ရွာအနီး တောင်ဖြူတောင်တွင် မိုင်းပေါက်ကွဲ၍ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

မင်းပြားနယ်တွင် ထင်းခုတ်သွားသည့်ရွာသား ၁ ဦး မိုင်းထိ၍ သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ