Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် စစ်ကောင်စီက ပြည်သူနေရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ဗုံး ၅ လုံးကြဲချမှုကြောင့် လူ ၃၀ခန့် ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် ၂၀ ကျော်ပျက်စီးသွား

AB News – ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ် သေကန်ရွာသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၃၀ခန့် ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် ၂၀ ကျော်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့သတင်းပေးပို့လာခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ယမန်နေ့
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညဥ့် ၁ နာရီ ၂၅ မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ၎င်းရွာသို့ လာရောက်ဗုံးကြဲချသွားခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၀ခန့်ဒဏ်ရာရရှိခဲ့ကာ အိမ်ခြေ အများအပြားပျက်စီးခဲ့ရပြီး ဒေသခံပြည်သူများလည်း ဗုံးခိုကျင်းများတွင် ဝပ်နေခဲ့ရကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ဂျက်လေယာဥ်က ဗုံးကြဲသွားတယ်။ လူတွေ ဒဏ်ရာရသွားတယ်။ အိမ် ၂၀ ကျော်လောက်ပျက်စီးသွားတယ်၊ ခေါင်မိုးတွေ ဘာမှမကျန်ဘူး၊ ကျနော်တို့လည်း ဗုံးတွင်းမှာဝပ်နေရတယ်” ဟုဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၃၀ခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း ၁ ဆောင်အပါအဝင် အိမ်ခြေ ၂၀ ကျော်ပျက်စီးသွားခဲ့ရသည်။

လက်ရှိအချိန်တွင်လည်း အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာ ၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်တို့ဖြင့် ကျေးရွာအချို့ကို ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

ထို့အပြင် စကစ၏ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် မင်းပြားမြို့ မင်းဖူးကျေးရွာ အတွင်းသို့ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ အခက်အခဲရှိနေသည့်အတွက် AB News က သီးခြားအတည်မပြုနိုင်သေးပေ။

၎င်းကိစ္စကိုအတည်ပြုနိုင်ရန်အတွက် AB News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ရက္ခိုင်ပြည်တွင်း စစ်ရှုံးနေသည့် စစ်ကောင်စီသည် အရပ်သားများကို ဦးတည် တိုက်ခိုက်မှု တောက်လျှောက် ပြုလုပ်လျက်ရှိသောကြောင့် ပြည်သူ သေဆုံးမှုမှာလည်း နေ့စဥ်မြင့်တက်လျက်ရှိသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ