Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် ငါးရှာသွားသည့် အမျိုးသား တစ်ဦး ချောင်းထဲ၌ရေနစ်သေဆုံး

ABN-ရှိုင်းမိုး

သြဂုတ် ၁၄ရက်

သြဂုတ်လ ၁၃ရက်နေ့ ညနေဘက် ၇နာရီကျော်အချိန်က မင်းပြားမြို့နယ် စက္ကေရေရွာမှ အမျိုးသားတစ်ဦး ငါးရှာရာတွင် ချောင်းထဲ၌ ရေနစ်သေဆုံးခဲ့သည်ဟုသိရသည်။

သေဆုံးသူသည် မင်းပြားမြို့နယ် စက္ကေရေရွာမှ အဖ ဦးညွန့်မောင်၏သား အသက် ၄၅နှစ်အရွယ် ဦးကျော်ဆန်းဖြစ်သည်ဟု စက္ကေရကျေးရွာမှ အုပ်ချုပ်ရေးမှူးကပြောသည်။

သေဆုံးသူ ဦးကျော်ဆန်သည် သြဂုတ်လ ၁၃ရက်နေ့ ညနေပိုင်းက ရွာ၏အနောက်ဘက် ချောင်းထဲသို့ ငါးရှာရန်ထွက်သွားခဲ့သည်ဟုသိရသည်။ ၎င်းသည် ငါးရှာမထွက်မီက အရက်အနည်းငယ်သောက်ခဲ့သေးကြောင်းသိရသည်။

စက္ကေရေရွာအုပ်ချုပ်ရေးမှူးပြောကြားချက်အရ သေဆုံးသူ ဦးကျော်ဆန်းသည် နေ့တိုင်းပုံမှန်ငါးရှာထွက်ပြီး၊ ငါးရှာမထွက်မီ အရက်သောက်နေတာကလည်း ပုံမှန်ဖြစ်ကြောင်းပြောကြားသည်။

“သူက နေ့တိုင်းငါးရှာတာ၊ အရက်သောက်တာကလည်း နေ့တိုင်းပါပဲ၊ ဒါပေမယ့် အများသောက်တာမဟုတ်ဘူး၊ သူငါးရှာတဲ့ချောင်းက နည်းနည်းနက်တယ်၊ သူက လှေနဲ့သွားရှာတာမဟုတ်ဘူး၊ ငါးပိုက်ထိုးတာနဲ့ရှာစားနေတာပါ” ဟုဆိုသည်။

၎င်းကို သြဂုတ်လ ၁၄ရက်နေ့ နံနက် ၈နာရီအချိန်ခန့်က ထိုချောင်းထဲတွင် ရေနစ်သေဆုံးနေသည်ကို ရွာသားတစ်ယောက်က တွေ့ရှိ၍ ကျေးရွာအုပ်ချုပ်ရေးမှူးအား သွားရောက်အကြောင်းကြားခဲ့ကြောင်းသိရသည်။

သေဆုံးသူ ဦးကျော်ဆန်းမှာ သားသမီး ၃ဦးရှိသည်ဟု သိရသည်။

သြဂုတ်လ ၉ရက်နေ့ည ၈နာရီအချိန်က မင်းပြားမြို့နယ် ကုလားမတောင်ရွာမှလည်း ငါးရှာနေစဥ် ဝက်ရူးပြန်ရောဂါထဖောက်သောကြောင့် ဦးထွန်းလှိုင်သည် ရေနစ်သေဆုံးခဲ့သည်။

​သြဂုတ်လ ၆ရက်နေ့ ည၅နာရီကျော်အချိနိက မင်းပြားမြို့နယ် ပြင်ယောင်းရွာမှ သားမိ ၂ယောက် ပြင်ယောင်းရွာသို့ပြန်လာစဥ်လမ်းတွင် ရေနစ်သေဆုံးခဲ့သည်။

သြဂုတ်လ ၅ရက်နေ့ ညနေပိုင်းအချိန်တွင်လည်း ပေါက်တောမြို့နယ် လက်ပံပြားရွာမှ ရွာသား ၄ယောက်သည် အညာဖက်မှ သစ်သယ်ဆောင်လာစဥ် ဘုတ်မြုပ်၍ ၂ဦးသေဆုံးခဲ့သည်။

သြဂုတ်လ ၂ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှ ဦးဝင်းမောင်သည် ငါးရှာထွက်သွားရာမှ ရေနစ်သေဆုံးခဲ့သည်။

ရခိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရေနစ်သေဆုံးသူ ၁၄ဦးအထိရှိခဲ့သည်ဟု ABN စာရင်းများ အရသိရသည်။

မင်းပြားနယ်တွင် ငါးရှာသွားသည့် အမျိုးသား တစ်ဦး ချောင်းထဲ၌ရေနစ်သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ