Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် ခရီးသည်တင်ကား တိုက်မိ၍ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

ABN-ရှိုင်းမိုး

ဇွန် ၂၅ရက်

ယနေ့ နေ့လည် ၁၂နာရီခွဲကျော်အချိန်တွင် မင်းပြားမြို့နယ် တောင်ပုက္ကေ ရွာအနီးတွင် ခရီးသည်တင်ကား တိုက်မိ၍ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရသည်။

သေဆုံးသွားသော အမျိုးသားသည် အသက် ၃၂နှစ်အရွယ် ကိုသိန်းလွင်ဖြစ်သည်ဟုသိရသည်။

သူသည် လယ်ထွန်ရာမှလာစဥ် အဝေးပြေးလမ်းမပေါ်တွင် ခရီးသည်တင်ယာဥ် ပြည့်ဖြိုးအောင် ကားတိုက်မိ၍ သေဆုံးရခြင်းဖြစ်သည်။

ထိုယာဥ်တိုက်မှုဖြစ်ပွားရခြင်းမှာ ပြည့်ဖြိုးအောင်ခရီးသည်တင်ကားသည် ရန်ကုန်မှ စစ်တွေသို့ လာစဥ်တွင် အရှိန်မထိန်းနိုင်၍ တိုက်မိရခြင်းဖြစ်ကြောင်း သိရသည်။

“သူက လယ်ထွန်ရာက တက်လာတာပါ၊ ပြည့်ဖြိုးအောင်ကားကတော့ သူကိုမြင်လို့ ဘရိတ်အုပ်ပါသေးတယ်၊ ဒါပေမယ့် အချိန်ကပြင်းတော့ တိုက်မိသွားပါတယ်၊ သူက နောက်ကကားကိုသတိထားမိပုံမပေါ်ဘူး၊ ရှေ့က ကားကိုပဲအာရုံစိုက်နေတာထင်မိပါတယ်၊ ဘာလို့ဆို ပြည့်ဖြိုးအောင်ကားက နောက်ကနေဝင်တိုက်တာပါ” ဟုမျက်မြင်သက်သေတစ်ဦးကပြောသည်။

လက်ရှိတွင် ကားသမားဖြစ်သူ ဦးဝိုင်းရွှေကို သက်ဆိုင်ရာ ULA နယ်မြေရုံးက ထိန်သိမ်းထားသည်ဟုသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ရက်နေ့ကလည်း မင်းပြားမြို့နယ် စစ်ကောင်စီ တိုင်းဗဟို ၉ တပ်ရင်းရှေ့တွင် ကားတိုက်မှုဖြစ်ပွားခဲ့၍ အမျိုးသားတစ်ဦးအပြင်းအထန် ဒဏ်ရာများရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ