ယနေ့ နံနက် ၉ နာရီခန့်က မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာဖက်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်လျက်ရှိပြီး၊ စစ်ကာင်စီဖက်မှ ကြည်း၊ ရေ၊ လေ အင်အားသုံး၍ တိုက်ခိုက်နေကြောင်း ခေါင်းလောင်းချောင်း ရွာသားတစ်ဦး ပြောကြားချက်အရ သိရသည်။
စစ်ကောင်စီဖက်မှ ရုရှားထုတ် MI 17 စစ်သုံးဟေ လီကော်ပတာ တစ်စီးဖြင့် ယနေ့မနက် ၉ နာရီ တိတိမှာ ခေါင်းလောင်းချောင်း ရွာဖက်သို့ စတင် တိုက်ခိုက်ပြီး နေဗီမှလည်း ဆက်တိုက် ပစ်ခတ်နေပြီး ကုန်းကြောင်းကပါ တိုက်ခိုက်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
“ လက်နက်ကြီးသံတွေကလည်း တဒိန်းဒိန်းနဲ့ ရလို့တောင်မရဘူး။ လက်နက်ငယ်သံတွေကတော့ မိုးရွာနေသလိုပါပဲ။ ရွာသားတွေကတော့ အကုန်လုံး ဗုံးခိုကျင်းထဲ ဝပ်နေကြတယ်။ ထိခိုက်မှု အြခအနေကို မသိရသေးပါဘူး” ဟု ပြောသည်။
တိုက်ပွဲဖြစ်နေသော နေရာတွင် ပုလဲပေါက်၊ စက္ကရေ၊ ခေါင်းလောင်းချောင်း ရွာများအနီးတွင် တိုက်ပွဲ ဖြစ်နေခြင်း ဖြစ်သည်။
စကစ နေဗီ ၂ စီးမှာ စစ်တွေ ရေချမ်းပြင်ဆိပ်ကမ်းမှာ ယနေ့ နံနက် ၆ နာရီခန့်မှ ထွက်လာကာ မင်းပြားနယ် ခေါင်းလာင်းချောင်းအရောက်တွင် လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခြင်းဖြစ်သည်။


