Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် အမျိုးသားတစ်ဦး အရက်မူးပြီးအိမ်အပြန် လမ်းဘေး ရေမြောင်းထဲပြုတ်ကျကာ သေဆုံး

ABN-ရှိုင်းမိုး

အောက်တိုဘာ ၃ရက်

ယမန်နေ့ညက မင်းပြားမြို့ ပြည်တော်လှရပ်ကွက်မှ အမျိုးသားတစ်ဦးသည် အရက်သောက်ရာမှ အိမ်အပြန်လမ်းတွင် လမ်းဘေးရေမြောင်းထဲ ပြုတ်ကျကာ ရေနစ်သေဆုံးသွားသည်ဟုသိရသည်။

သေဆုံးသွားသူသည် အဖ ဦးအေးထွန်းမောင်၏သားအသက် ၃၇နှစ်အရွယ် ကိုအောင်နိုင်ဖြစ်ကြောင်းသိရပြီး ၎င်းမှာ အိမ်ထောင်မရှိ လူပျိုကြီးတစ်ဦးဖြစ်သည်။

၎င်းသည် ယမန်နေ့ည ၆နာရီကျော်က မင်းပြားဆေးရုံကြီးရှေ့ ဦးစိန်ထွန်းအရက်ဆိုင်မှ အရက်သောက်ပြီးပြန်လာချိန်တွင် နေအိမ်သို့ တိုက်ရိုက်မရောက်ရှိလာဘဲ ပြည်တော်လှရပ်ကွက်မှ လှမောင်ချေအရက်ဆိုင်တွင် ထပ်ပြီးအရက်ဝယ်သည်ဟုသိရသည်။

သေဆုံးသူ ကိုအောင်နိုင်သည် အရက်မူးနေသောကြောင့် တစ်ရပ်ကွက်တည်းနေ ဦးလှမောင်ချေမှ အရက်မရောင်းလိုက်ဟု သိရသည်။

ကိုအောင်နိုင်သည် ၎င်းဆိုင်မှထွက်လာပြီး အထက(၃)နာရီလမ်းဘေးမြောင်းတွင် ရေနစ်သေဆုံးနေသည်ကို ယနေ့ နံနက် ၆နာရီကျော်က တွေ့ရှိခဲ့ကြောင်း ပြည်တော်လှအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းကပြောသည်။

“မနေ့ညကတည်းကသေနေတာထင်တယ်၊ ဒီနေ့မနက်မှတွေ့တာ၊ မနေ့ညကလည်းမိုးတအားရွာတယ်၊ အရက်ကလည်းအမူးဆိုတော့ ရေမကူးနိုင်ဘူးထင်တယ်၊ မြောင်းကလည်းသိပ်မနက်ပါဘူး၊ သူ့အရပ်နဲ့ဆိုရင်မှီပါတယ်” ဟုဆိုသည်။

လက်ရှိတွင် ကိုအောင်နိုင်ကို မင်းပြားဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရေနစ်သေဆုံးသူ ၅၀ ဦးထက်မနည်းရှိသည်ဟုသိရှိရသည်။

မင်းပြားတွင် အမျိုးသားတစ်ဦး အရက်မူးပြီးအိမ်အပြန် လမ်းဘေး ရေမြောင်းထဲပြုတ်ကျကာ သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ