Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် အမျိုးသား ၁ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ထွက်သွား၊ ကျန်တဖက်လည်း ဒဏ်ရာပြင်းထန်

AB News – မတ်လ ၂၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့တွင် စစ်ကောင်စီအဖွဲ့ထောင်ထားခဲ့သည့် စစ်ကျန်မြေမြှုပ်မိုင်းအား နင်းမိကာ ယ​နေ့ မတ်လ ၂၆ရက်၊ နံနက် ၁၁နာရီခန့်အချိန်တွင် အမျိုးသား ၁ဦး ခြေ ၁ဖက် လုံးဝပြတ်ထွက်သွားပြီး ကျန်တဖက်မှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများက အတည်ပြုပြောဆိုသည်။

မိုင်းနင်းမိပြီး ခြေ ၁ဖက် ဆုံးရှုံးခဲ့သူမှာ မင်းပြားမြို့၊အလယ်ပိုင်းရပ်ကွက်မှ ၂၂ နှစ်အရွယ် ကိုအောင်စိုးဝင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ နံနက် ၁၁နာရီခန့် အချိန်၌ စစ်ကောင်စီအဖွဲ့ ထောင်ထားခဲ့သည့် စစ်ကျန်မိုင်းအား နင်းမိကာ အလယ်ပိုင်းရပ်ကွက်မှ အမျိုးသား ၁ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု မြို့ခံ ၁ဦးက ပြောသည်။

“မိုင်းနင်းမိတာကတော့ ပုညာရာမ ကျောက်တိုက်အနီးမှာပါ။ အောင်စိုးဝင်းဟာ သူ့အဖေဖြစ်သူနဲ့ မညှင်းသီးခူးဖို့ သွားရာမှာ မိုင်းနင်းမိတာပါ။ သူရဲ့ ညာဘက်ခြေထောက် လုံးဝပြတ်ထွက်သွားတယ်” ဟု ဆိုသည်။

ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့် ကိုအောင်စိုးဝင်းအား ဆေးရုံသို့ ပို့ဆောင်ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ရက္ခိုင်တွင် ယခုမတ်လအတွင်း မိုင်းနင်းပြီး သေဆုံးသူ ၁ဦးနှင့် ဒဏ်ရာရရှိသူ ၆ဦးထက်မနည်းရှိသည်ကို  တွေ့ရသည်။

စစ်ကောင်စီအဖွဲ့သည့် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြို့၊ ရွာများ အနီးရှိ တောတောင်များနှင့် ၎င်းတို့၏ တပ်စခန်းများတွင် မြေမြှုပ်မိုင်းများကို ထောင်ထားခဲ့သည့်အတွက် အရပ်သားပြည်သူများအနေဖြင့် အထူးသတိပြု သွားလာကြရန် ULA/AA က အသိပေးတိုက်တွန်းထားသည်ကို တွေ့ရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ