Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး

ABN-ရှိုင်းမိုး

စက်တင်ဘာ ၂၀ရက်

ယနေ့ နံနက် ၆နာရီကျော်အချိန်က မင်းပြားမြို့ ပြည်တော်လှရပ်ကွက်ရှိ ရွှေပြည်စိုးပေါင်းကူးကွန်ကရစ်တံတားဘေးမြောင်းထဲတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံးလျက်တွေ့ရှိသည်ဟုသိရသည်။

သေဆုံးသူသည် မင်းပြား ပြည်တော်လှရပ်ကွက်မှ အဖ ဦးမောင်ထွန်းမြ၏သား အသက် ၅၈နှစ်အရွယ် ဦးဗိုလ်ကျော်အောင်ဖြစ်ကြောင်းသိရသည်။

၎င်းသည် စက်တင်ဘာလ ၁၉ရက်နေ့ ညနေဘက် ၆နာရီကျော်အချိန်က မင်းဘာကြီးရပ်ကွက်ရှိ ဒေါ်ဘုမေအရက်ဆိုင်မှ တောအရက် သောက်ပြီး ၎င်းနေအိမ်သို့အပြန်တွင် အိမ်သို့မရောက်ဘဲ ပျောက်နေခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ဦးဗိုလ်အောင်ကျော်မှာ ဒူးဆစ်အကြောနာဒဏ်ရာရှိပြီး တခါတလေ သွေးတိုးရောဂါဖြစ်လေ့ရှိသည်ဟု တစ်ရပ်ကွက်တည်းနေသည့် ဒေသခံတစ်ဦးကပြောသည်။

” သူ့မှာ ဒူဆစ်နာရောဂါရှိတယ်၊ နောက်ပြီး သွေးတိုးလည်းရှိတယ်၊ ဒါပေမယ့် သွေးက တခါတလေမှ တိုးတာပါ” ဟုဆိုသည်။

သေဆုံးသူမှာ ဘယ်ခြေတွင် ဒဏ်ရာရှိသောကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်ဘဲ အရက်မူးပြန်လာချိန်တွင် မြောင်းထဲသို့ထိုးလဲကျ၍ သေဆုံးသည့်ပုံဖြစ်နိုင်ကြောင်း ဇနီးဖြစ်သူ ဒေါ်မခင်ကြည်က ပြောသည်။

“သူ့ဘယ်ခြေမှာဒဏ်ရာရှိတယ်၊ လမ်းကောင်းကောင်းမလျှောက်နိုင်ပါဘူး၊ အရင်မမူးခင်ဆိုရင်တော့ ခြေထောက်ကအဆင်ပြေတယ်၊ အရက်မူးလာရင် လျှောက်နိုင်မှာမဟုတ်ဘူး၊ ဒါကြောင့်မနေ့ညကလည်းအရက်မူးအပြန်​ရေမြောင်းကိုလဲကျသွားတာဖြစ်နိုင်ပါတယ်” ဟုဆိုသည်။

သေဆုံးသူ၏ ခန္ဓာကိုယ်အား ULA/AA၏မှုခင်းစစ် ဆေးမူး စစ်ဆေးချက်အရ ထူးခြားသည့်ပုံစံတစ်စုံတရာမတွေ့ရှိဟုသိရသည်။

ရခိုင်တွင် ဇူလိုင်လအစောပိုင်းမှ စက်တင်ဘာလအထိ ရေနစ်သေဆုံးသူ ၄၀ ကျော်အထိရှိလာသည်။

မင်းပြားတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ