Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကထောင်ထားသည့် မိုင်းကို နင်းမိပြီး အပြစ်မဲ့အရပ်သားတစ်ဦး ခြေထောက် တစ်ဖတ်ပြတ်

မင်းပြားတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကထောင်ထားသည့် မိုင်းကို နင်းမိပြီး အပြစ်မဲ့အရပ်သားတစ်ဦး ခြေထောက် တစ်ဖတ်ပြတ်

AB News-ဒီဇင်ဘာ ၂၅၊ ၂၀၂၃

ရက္ခိုင်ပြည် မင်းပြားမြို့မှ အမျိုးသား တစ်ဦး အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ထောင်ထားသည့် မိုင်းကို နင်းမိပြီး ခြေထောက် တစ်ဖက် ပြတ်သွားကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်က မင်းပြားမြို့ ကျိန်းတောင် တက်လမ်းရှိ သီဝလိ ဇရပ်ဖက်သို့ သွားရာတွင် စစ်ကောင်စီအဖွဲ့က ထောင်ထားသည့် မိုင်းကို နင်းမိပြီး ခြေထောက် တစ်ဖက်ပြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်သွားသူမှာ မင်းပြားမြို့၊ အောက်ရွာပိုင်းရပ်ကွက်မှ အသက် ၄၀ နှစ်အရွယ် နှစ်ဖြစ်ကြောင်း ပြောသည်။

ကိုချင်း၏ ညာဖက်ခြေထောက် ခြေမျက်စိအထက်မှ လုံးဝ ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်အနှံ့တွင်လည်း မိုင်းစထိ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။

ထိုမင်းပြားမြို့ ကျိန်းတောင်တွင် စစ်ကောင်စီအဖွဲ့ တပ်စွဲနေထိုင်သည်မှာ ၂၀၁၈ ခုနှစ်လောက်ကတည်းက ဖြစ်ပြီး ၎င်းတို့အဖွဲ့မှ တောင်ပတ်ပတ်လည်တွင် မိုင်းထောင်ထားကြောင်း သိရသည်။

ဒဏ်ရာရရှိသူအား မင်းပြားမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

ရက္ခိုင်ရှိ စစ်ကောင်စီတပ်စွဲထားသော နေရာအနီးပတ်ဝန်ကျင်များတွင် မိုင်းထောင်ထားသည့်အတွက် ပြည်သူများအနေဖြင့် ထိုနေရာများသို့ မသွားရောက်ဘဲ ရှောင်ရှားကြရန်လိုအပ်ပေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ