Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲက ရာမောင်တံတားအနီး၌ ခရီးသွားပြည်သူများထံမှ စားနပ်ရိက္ခာများလုယက်

မင်းပြားတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲက ရာမောင်တံတားအနီး၌ ခရီးသွားပြည်သူများထံမှ စားနပ်ရိက္ခာများလုယက်

AB News- ဇန်နဝါရီ ၈၊၂၀၂၄

ရာမောင်တောင်တန်းရှိ စစ်ကောင်စီအခြေချစခန်းများမှ တပ်ဖွဲဝင်များသည် ရာမောင်တံတားအနီး ကားလမ်းမကြီးတွင် လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးပြီး စားနပ်ရိက္ခာများလုယက် ခဲ့ကြောင်း AB News မှစုံစမ်းသိရှိရသည်။

ယနေ့ နေ့လည် ၃နာရီ ၂၀မိနစ်ခန့်က ရာမောင်တောင်တန်းရှိ စစ်ကောင်စီတပ်ဖွဲများသည် ရာမောင်တံတားအနီး ကားလမ်းမကြီးတွင် ခရီးသွားလာနေသော အရပ်သားပြည်သူများ၏ ကား၊ ဆိုင်ကယ်များအား ရပ်တန့်ကာ စစ်ဆေးမေးမြန်းပြီး ပြည်သူများတွင်ပါလာသည့်စားနပ်ရိက္ခာများကို အဓမ္မလုယူခဲ့ကြောင်း မင်းပြားဒေသခံ တစ်ဦးကပြောသည်။

” ဒီလမ်းမကြီးကိုပဲအဓိကထားပြီး သွားလာနေရတာ။ မင်းပြားမြိုကို စျေးသွားဝယ်တဲ့သူရှိသလို  အရေးကိစ္စတွေနဲ့ သွားလာကြတဲ့သူတွေလည်းရှိပါတယ်။ စစ်ကောင်စီအဖွဲတွေက နေ့တိုင်းလိုလိုလမ်းမပေါ်ကိုတက်ပြီး ခရီးသွားလာတဲ့ပြည်သူတွေကို စစ်ဆေးမေးမြန်းတယ်။ လက်နက်တွေနဲ့ခြောက်လန့်တယ်။ စျေးဝယ်ပြီးအပြန်ဆိုတော့ ပြည်သူတွေမှာပါတဲ့ စားနပ်ရိက္ခာတွေကို လုယူတယ်” ဟုဆိုသည်။

လက်ရှိတွင် မင်းပြားမြိုနယ်ရှိ အရပ်သားပြည်သူများမှာ ခရီးသွားလာရန်စိုးရိမ်ထိတ်လန့်မှုများဖြင့် သွားလာနေကြရသည်ဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲက ပြည်သူများထံမှ စားနပ်ရိက္ခာများလုယူလာခြင်းကြောင့် ရက္ခိုင်ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှု ကင်းမဲ့လာရကြောင်း ပြည်သူများကဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ