Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် သင်္ကြန်လည်ကားပေါ်က ဆောင်းဘောက် အခိုးခံလိုက်ရ

မင်းပြားတွင် သင်္ကြန်လည်ကားပေါ်က ဆောင်းဘောက် အခိုးခံလိုက်ရ

ABN – ကိုဟိန်းထွန်း

ရခိုင်ပြည်၊ မင်းပြားမြို့နယ် ပြားချောင်းစံပြလမ်းမပေါ်တွင် ရပ်နားထားသည့် သင်္ကြန်လည်ကားပေါ်မှ ဆောင်းဘောက် ၁ လုံး ဧပြီ ၁၄ ရက်နေ့တွင်အခိုးခံရကြောင်းသိရသည်။

အဆိုပါကားသည် သင်္ကြန်လည်ပတ်ရန်အတွက် မင်းပြားမြို့ မှ သေကန်ရွာသို့ သွားပြီးအပြန် ည ၈ နာရီကျော်တွင် ဆောင်းဘောက်အခိုးခံလိုက်ရခြင်းဖြစ်သည်ဟု ပိုင်ရှင် ကိုစံအောင်ရွှေက ABN သို့ပြောသည်။

“မနေ့ညကဖြစ်တာပါ၊ သေကန်က ရေသင်္ကြန်ပတ်ပြီး ပြန်လာတယ်၊ ကားကိုစားသောက်ဆိုင်မှာ ရပ်ထားတယ်၊ ကျနော်တို့လည်း သင်္ကြန်နဲ့ဆိုတော့ ဘီယာတွေထိုင်သောက်ကြတယ်၊ ဆောင်းဘောက်ကို Bluetooth နဲ့ချိတ်ထားတယ်၊ ကျနော်တို့စကားစမြည်း​ပြောနေကြတော့ Bluetooth ပြုတ်သွားတာကိုမသိလိုက်ဘူး ၊ ကားပေါ်လှမ်းကြည့်လိုက်တော့ ဆောင်းဘောက်က မရှိတော့ဘူး” ဟု ပြောသည်။

၎င်းနှင့်ပတ်သက်၍ နီးစပ်ရာဆိုင်များတွင် လိုက်လံရှာဖွယ်ခဲ့သော်လည်း မတွေ့ခဲ့ကြောင်း ၎င်းမှဆက်၍ပြောသည်။

“အနီးအနားဆိုင်တွေကိုရှာခဲ့ပါတယ်၊ ဟိုလူမေး၊ ဒီလူမေးနဲ့ ဘယ်သူကမှလဲမတွေ့ဘူးလို့ပြောတယ်၊ မနက်ကျတော့ ထပ်ပြီးရှာခဲ့ပေမယ့်လည်း မတွေ့ခဲ့ပါဘူး” ဟု ပြောသည်။

၎င်းဆောင်းဘောက်သည် သူ၏သူငယ်ချင်းထံမှ ကားပတ်ရန်ငှားထားသည့် ၈၁ ဘောက်အငယ်အစားမျိုးဖြစ်သည်ဟု ကိုစံအောင်ရွှေကပြောသည်။

ဆောင်းဘောက်တန်ဖိုးမှာ ကာလပေါက်ဈေးအရ ၂ သိန်းခန့်မျှရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ