Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် လက်နက်ကြီးကျည်ထိ၍ အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာရ

မင်းပြားတွင် လက်နက်ကြီးကျည်ထိ၍ အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာရ

( လယ်ကွင်းနားသို့လူများ​ဖြတ်လျှင် စကစ က လက်နက်ကြီး ငယ်များဖြင့် လှမ်းပစ်နေဟု သိရ )

AB News – နိုဝင်ဘာ ၁၃၊ ၂၀၂၃

မင်းပြားမြို့နယ်ရှိ စကစမှ လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသားတစ်ဦးပြင်းထန်ဒဏ်ရာ ရရှိသွားပြီး လယ်ကွင်းနားသို့ဖြတ်သန်းသွားလာသူများအား လှမ်းပစ်နေကြောင်း သိရသည်။

ဒဏ်ရာရရှိသူမှာ မင်းပြားမြို့နယ် အထက်ငှက်ပျိုးချောင်းအုပ် ဖောသာပြင် ( ချင်း)ရွာမှ အသက် ၅၂ အရွယ်၊ ဦးမောင်သိန်းဖြူ ဖြစ်ကြောင်း သိရသည်။

စကစတပ်ဖွဲ့ဝင်များသည် ၂ ဖက်တိုက်ပွဲ ဖြစ်ပွားနေစဥ်အတွင်း မင်းရွာတောင်ကုန်း၌ တပ်စွဲထားသည့် ၁၄၄ ကုန်းမှ လက်နက်ကြီးကျည်ပစ်ခတ်၍ ဖောသာပြင်ရွာဟောင်း၏ လယ်တဲတွင်ရှိနေသာ အမျိုးသားတစ်ဦးထံ ကျည်စထိမှန် သွားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“၂ဖက်တိုက်ပွဲက ဖြစ်နေတယ်၊ စကစရဲ့ ၁၄၄ ကုန်းကပစ်တဲ့လက်နက်ကြီးကြောင့် လယ်တဲထဲမှာရှိနေတဲ့သူတစ်ဦးကို ထိမှန်သွားတယ်” ဟု ဆိုသည်။

လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာပြင်းထန် ရရှိသွားသည့်အတွက် ကုန်းလမ်းတစ်ချို့ပိတ်ထား၍ ဆေးရုံသို့ယူရန် အခက်တွ့နေရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းသွားလမ်းလာနှင့် လယ်ကွင်းထဲသို့စပါးရိတ်ရန်သွားသည့် လူများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လှမ်းပစ်နေကြောင်း ၎င်းမှဆက်ပြောသည်။

“လမ်းသွားလမ်းလာတဲ့ သူတွေကို တောင်ပေါ်ကနေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်နေတယ်၊ စပါးရိတ်သိမ်းသူတွေလည်း ပြေးလာကြတယ် “ဟု ဆိုသည်။

မနက်ပိုင်းမှ ယခုအချိန်အထိ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ခိုက်နေကြောင်းသိရသည်။

ထို့ကြောင့် မင်းပြားမြို့နယ်မှ ဒေသခံတစ်ချို့လည်း ထွက်ပြေးနေရကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ