Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် ရေခမ်းခြောက်သွားသည့် မင်းကန်ကြီးကို ပြန်လည်တူးဖော်နေ

မင်းပြားတွင် ရေခမ်းခြောက်သွားသည့် မင်းကန်ကြီးကို ပြန်လည်တူးဖော်နေ

ABN-ရှိုင်းမိုး

ရခိုင်ပြည် မင်းပြားမြို့တွင် ရေခမ်းခြောက်သွားသည့် မင်းကန်ကြီးကို ဧပြီလ ၂၆ ရက်နေ့ကစပြီး ပြန်လည်တူးဖော်နေသည်ဟုသိရသည်။

ထိုသောက်ရေကန်ကြီးသည် မင်းပြားမြို့ဈေးဟောင်းပိုင်တွင်ရှိပြီး၊ ထိုရေကန်ကြီးမှ ရေကို မင်းပြားတစ်မြို့သားလုံး သောက်သုံးသည့်ကန်ဖြစ်သည်။

ပြီးခဲ့သည့်မိုးရာသီ မိုးခေါင်သောကြောင့် ရေကန်တွင် ရေအပြည့် မရရှိလိုက်သောကြောင့် ရေကန်ခမ်းခြောက်မှု ဖြစ်ရသည်ဟု ရပ်ကွက်သား ၁ ဦးက ပြောသည်။

“ ပြီးခဲ့တဲ့နှစ်က မိုးခေါင်ပါတယ်၊ ဒါကြောင့်ရေကန်မှာ ရေအပြည့် မရလိုက်ပါဘူး၊ ဒီသောက်ရေကန်ကြီးက လူပေါင်း ၃သောင်းကျော်သောက်နေကြတာပါ။ အခုလို လုံးဝ ခမ်းမြောက်သွားတော့ ရေပြဿနာကြုံတွေ့ရတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ထိုကန်ကြီးကိုတူးဖော်နေကြသည်။ ရေကန်တူးဖော်သည့် ကုန်ကျစရိတ်များမှာ တစ်ဂျူတီ ( တစ်နေ့ ) လျှင် ၈သိန်းကျပ်ကုန်ကျသည်ဟု မင်းပြား ကြောငြာသင်ပုန်းကြီးတွင် ဖော်ပြထားသည်။

ထိုရေကန်ကြီးကို ဧပြီလ ၂၆ရက်နေ့မှ မေလ ၂၆ရက်နေ့ထိ ၁ လတိတိ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရေကန်တူးဖော်ရေးအတွက် အလှူငွေများ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ