Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် ညမထွက်ရအမိန့် စစ်ကောင်စီ ထုတ်ပြန်

မင်းပြားတွင် ညမထွက်ရအမိန့် စစ်ကောင်စီ ထုတ်ပြန်

ABN-ရှိုင်းမိုး

အောက်တိုဘာ ၈ရက်

မင်းပြားမြို့ထဲတွင် ညမထွက်ရအမိန့်ကို အောက်တိုဘာလ ၂ရက်နေ့ နေ့စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။

ထိုထုတ်ပြန်ချက်သည် မင်းပြားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရထုတ်ပြန်လိုက်သည်ဟု ၎င်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ည ၉နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအချိန်ထိ ညမထွက်ရဟု ထုတ်ပြန်ထားသည်။

လက်ရှိအချိန်သည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လိုအပ်နေဆဲဖြစ်၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့်ကို ထုတ်ပြန်ရန်လိုအပ်ကြောင်း ရေးသားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ