Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် စစ်ဘေးရှောင်များ နေရပ်ပြန် စစ်ကောင်စီက ပေးသည့် ငွေ ၅ သိန်းကျပ်မရသူများရှိနေ

မင်းပြားတွင် စစ်ဘေးရှောင်များ နေရပ်ပြန် စစ်ကောင်စီက ပေးသည့် ငွေ ၅ သိန်းကျပ်မရသူများရှိနေ

ABN-ရှိုင်းမိုး

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မင်းပြားမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်အတွက် စစ်ကောင်စီမှ ငွေကျပ် ၅သိန်းပေးသောကြောင့် စစ်ဘေးရှောင် ၂၀၀၀ကျော်နေရပ်ပြန်သွားသည်ဟု သိရသည်။

နေရပ်ပြန်သည့်စစ်ဘေးရှောင် ၂၀၀၀ကျော်မှာ မင်းပြားမြို့နယ် ဖားပြိုရွာ၊ အမ်သားရွာ၊ သေကန်ရွာစသည့်ရွာများမှ စစ်ဘေးရှောင်ဖြစ်သည်ဟုသိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီအပါဝင် မင်းပြားမြို့မှ ထွေအုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မင်းပြားရာမောင်ခန်းမတွင် စစ်ဘေးရှောင်များကို ခေါ်ပြီး အိမ်ထောင်စု ၁စုကို ငွေကျပ် ၅သိန်းကျပ်နှင့် စားနပ်ရိက္ခာ ၁လစာ ပေးပြီး နေရပ်ပြန်ခိုင်းသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

“ငွေကျပ် ၅သိန်းပေးမယ်ပြောပါတယ်၊ ပြီးတော့ရိက္ခာ ၁လစာပေးမယ်ပြောပါတယ်၊ နေရပ်ပြန်တဲ့သူတွေကိုသာပေးမည်ပြောပါတယ်၊ မပြန်တဲ့သူတွေကျတော့ မပေးပါဘူး၊ သူတို့က စစ်ဘေးရှောင်တွေကို မနေစေချင်တော့ပါဘူး၊ အကုန်လုံးကို ပြန်စေချင်တယ်၊ ဒါပေမယ့် အိမ်ပြန်လို့မရတဲ့ သူတွေလည်းရှိပါသေးတယ်၊ ဘာကြောင့်လဲဆိုတော့ တချို့ရွာတွေမှာ ဆိုရင်မိုင်းရှင်းဖို့လိုအပ်ပါတယ်၊ မိုင်းမရှင်း‌ပေးရင် ပြန်သွားလို့အဆင်မပြေတဲ့ရွာတွေက စစ်ဘေးရှောင်တွေက မပြန်သေးပါဘူး” ဟု ဖားပြိုရွာ နေရပ်ပြန်သည့် စစ်ဘေးရှောင်တစ်ဦးမှ ပြောသည်။

ထိုနေရပ်ပြန်စစ်ဘေးရှောင်များထဲတွင်လည်း စစ်ကောင်စီကပေးသည့်ငွေမရရှိဘဲ အိမ်ပြန်သွားခဲ့ရသည့် စစ်ဘေးရှောင်များရှိနေသည်ဟု ဖာပြိုးရွာမှ နေရပ်ပြန်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့စာရင်းပေးထားတာရှိပါတယ်၊ ဒါပေမယ့် အိမ်ပြန်တဲ့ စစ်ဘေးရှောင်တွေထဲမှာ ကျွန်တော် တို့ ဖားပြိုရွာက အိမ်ထောင်စု ၅၆ စုမရခဲ့ပါဘူး၊ ကျန်တဲ့သူတွေက အကုန်ရပါတယ်” ၎င်းကပြောသည်။

၂၀၂၀ ခုနှစ်က စာရင်းပေးထားသည့် စစ်ဘေးရှောင်များသာ စစ်ကောင်စီကညထောက်ပံ့ပေးသည့် ငွေကျပ် ၅ သိန်းကို ရရှိခြင်းဖြစ်ကြောင်း စစ်ဘေးရှာင်တာဝန်ခံဖြစ်သည့် သေကန်ရွာမှ ဦးကျော်ငြိမ်းမောင်က ABN ကိုပြောသည်။

“မရတာက ဖားပြိုရွာ တစ်ရွာတည်းမဟုတ်ပါဘူး၊ တခြားရွာတွေလည်းပါတယ်၊ စစ်ဘေးရှောင်တွေ အကုန်လုံးမရပါဘူး၊ ဘာဖြစ်လို့လဲဆိုတော မရတဲ့ စစ်ဘေးရှောင်တွေက နောက်မှ ရောက်လာတဲ့ စစ်ဘေးရှောင်တွေပါ၊ ၂၀၂၀ ခုနှစ်က စာရင်းပေးထားတဲ့ စစ်‌ဘေးရှောင်တွေပဲ ရတာပါ၊ ပိုက်ဆံပေးတဲ့ အခါလည်း ဌာနဆိုင်ရာကလူတွေရှိပါတယ်” ဟု ဆက်ပြောသည်။

“မင်းပြားမြို့မှာ ကယ်ဆေးရေး စခန်း ၁၁ခုရှိတယ်၊ အဲဒီ အထဲမှာ အိမ်ထောင် ၅၈၈စု သာရပါတယ်၊ ကျန်တဲ့သူတွေမရပါဘူး၊ စစ်ကောင်စီက စာရင်းမရင်း မရရင်ဘူး၊ ပါရင်ရမယ်လို့ပြောထားပါတယ်၊ ကျွန်တော်ကလည်း စစ်ကောင်စီက ပေးခိုင်းတဲ့ လူစာရင်းအတိုင်းပေးတာပါ” ဟု ၎င်းက ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ