Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် စစ်ကောင်စီက ပစ်၍ အရပ်သား ၁ ဦးသေဆုံးပြီး ရဟန်းတစ်ပါးအပါအဝင် ၇ ဦးဒဏ်ရာရ

AB News-ဇန်နဝါရီ ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည် မင်းပြားတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲတိုကြား ယနေ့ ဇန်နဝါရီ ၁၀ ရက်နေ့ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ အရပ်သား ပြည်သူ ၁ ဦးသေဆုံးပြီး ရဟန်းတစ်ပါးအပါအဝင် ၇ ဦး ဒဏ်ရာရခဲ့ ကြောင်း သိရသည်။

သေဆုံးခဲ့သူမှာ မင်းပြားမြိုနယ် ဖားပြိုရွာမှ အသက် ၅၇ နှစ်အရွယ် ဦးမောင်ကျော်မြ ဖြစ်ပြီး ၎င်းမှာ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲစဥ် ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိခဲ့သူများမှာ မင်းပြားမြို မြိုမတောင်ကျောင်းမှ အသက် ၆၀နှစ်အရွယ် ဦးကဝိသာရ၊ ပြည်တော်လှရပ်ကွက်မှ အသက် ၄၂ နှစ်အရွယ် ဦးမောင်မြင့်၊ အသက် ၅၆ နှစ်အရွယ် ကျောင်းဆရာ ဦးမောင်ကျော်ထွန်း၊ သေကန်ရွာမှ အသက် ၄၄ နှစ်အရွယ် ဦးဝေမ၊ အသက် ၂၀ နှစ်အရွယ် ကိုမျိုးသန့်၊ ဖားပြိုရွာတွင် စစ်ဘေးရှောင်နေသည့် အသက် ၂၈နှစ်အရွယ် မမျိုးသန်းနွယ်၊ အမ်းသားရွာမှ အသက် ၄၃ နှစ်အရွယ် ဒေါ်ဝင်းမချေ တိုဖြစ်သည်။

ထိုအပြင် မင်းပြားမြို မြိုမဈေးမှာလည်း စစ်ကောင်စီက ပစ်သည့် ကျည်ပေါက်ကွဲပြီး မီးလောင်သွားခဲ့ကြောင်း သိရသည်။

မင်းပြားမြိုမှာ စစ်ကောင်စီ၏ ၃၈၀ တပ်ရင်းအား ရက္ခိုင့်တပ်တော်က အပြီးပိုင် တိုက်ခိုက် သိမ်းပိုက်ထားပြီဖြစ်ကြောင်း မြိုခံများ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီအဖွဲသည် အရပ်သားများ နေထိုင်ရာ ရပ်ကွက်များ၊ စစ်ဘေးရှောင်စခန်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ရွာများကို ပစ်မှတ်ထား ပစ်ခတ် တိုက်ခိုက်မှုကြောင့် ရက္ခိုင်တွင် အရပ်သား သေဆုံးသူ ၇၀ ကျော်ထိ တိုးလာနေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ