Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စစ်ဆေး၊ ရပ်ကွက်သားများ ထွက်ပြေးတိမ်းရှောင်နေကြရ

ရခိုင်ပြည်နယ် မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်ကို ယနေ့အောက်တိုဘာလ ၂၆ ရက်နေ့ ည ၇ နာရီခန့်က စစ်ကောင်စီတပ်သားများ ဝင်ရောက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဝင်ရောက်စစ်ဆေးရန် စစ်ကောင်စီတပ်သား အင်အား ၇၀ ခန့်မျှပါရှိကြောင်းသိရှိရသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မင်းဘာကြီးရပ်ကွက်အတွင်း စစ်ဆေးရန် ဝင်ရောက်လာ၍ ရပ်ကွက်နေပြည်သူများမှာ တိမ်းရှောင်နေရကြောင်းသိရသည်။

“စကစ အဖွဲ့တွေ ရပ်ကွက်ထဲဝင်ပြီး စစ်ဆေးနေလို့ ကျနော်တို့လည်း ဘာမှန်းမသိဘဲ တိမ်းရှောင်နေရပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရပ်ကွက်သား တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုမင်းဘာကြီးရပ်ကွက်ရှိ မင်းဘာကြီး ဖောင်တော်တွင် စခန်းချပြီး ချက်ပြုတ်စားသောက်နေကြကြောင်း ရပ်ကွက်သားများ ပြောကြားချက်အရသိရသည်။

ယနေ့ ညနေက ရသေ့တောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား မိနစ်ပိုင်းခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးပစ်ကူများဖြင့် မိနစ် ၂၀ ခန့်ကြာ ပစ်ကူခဲ့ကြောင်း သိရှိရသည်။

မင်းပြားတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စစ်ဆေး၊ ရပ်ကွက်သားများ ထွက်ပြေးတိမ်းရှောင်နေကြရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ