Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် စစ်ကား ၂ စီးကို AA က မိုင်းဆွဲတိုက်ခိုက်ပြီး သိမ်းပိုက်ရရှိ

AB News – နိုဝင်ဘာ ၁၃ ရက်

ရခိုင်ပြည်၊ မင်းပြားမြို့နယ် ရှိ မေလွမ်းနဲ့ ဇောက်ချောင်း ကြားတွင် ရက္ခိုင့်တပ်တော် AA မှ စစ်ကောင်စီ စစ်ကား ၂ စီးအား မိုင်းဆွဲ တိုက်ခိုက်ပြီး သိမ်းပိုက်ရရှိကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက် ၂၀၂၃ခုနှစ် မနက် ၇ နာရီ ၃၀ တွင် မင်းပြားအခြေစိုက်တိုင်ဗဟို ၉ မှလာသည့် စစ်ကားများကို ရက္ခိုင့်တပ်တော် AA မှ မိုင်းဆွဲတိုက်ခိုင်းရာ ၂ ဖက်တိုက်ပွဲ ဖြစ်ပွားနေကြောင်းဒေသခံတစ်ဦးက AB News သို့ပြောသည်။

“တိုင်းဗဟို ၉ ကလာတဲ့စက ကားကို AA ကမိုင်းဆွဲတိုက်ခိုက်ပြီး သိမ်းသွားပြီ၊ ၊ လက်နက်ငယ်တွေ ပစ်ခတ်နေကြတယ်” ဟု ဆ်ိုသည်။

မင်းပြားမြို့အခြေစိုက် တပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် လှမ်းကူပစ်နေကြောင်း သိရသည်။

အသေးစိတ်ကို AB News မှ ဆက်လက် ဖော်ပြပေးသွားမည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ