Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် စစ်ကား ၂ စီး၊ စကစ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦးအား ရက္ခိုင့်တပ်တော်က အရှင်လက်ရ ဖမ်းဆီးရမိထား

မင်းပြားတွင် စစ်ကား ၂ စီး၊ စကစ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦးအား ရက္ခိုင့်တပ်တော်က အရှင်လက်ရ ဖမ်းဆီးရမိထား

AB News – နိုဝင်ဘာ ၁၃၊ ၂၀၂၃

ရခိုင်ပြည်၊ မင်းပြားမြို့နယ် ဖားပြိုရွာလမ်းအဆုံး ဇောက်ချောင်းနှင့် မေလွမ်းကြားတွင် စစ်ကောင်စီ စစ်ကား ၂ စီးကို AA မှမိုင်းဆွဲတိုက်ခိုက် သိမ်းပိုက်ရှိခဲ့ပြီး ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦးအား အရှင်လက်ရ ဖမ်းဆီးရမိ ထားကြောင်း သတင်းရရှိသည်။

၎င်းလမ်းတစ်လျှောက် တိုင်းဗဟို ၉ မှ ထွက်လာသည့် စစ်ကောင်စီ စစ်ကား၂ စီးကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခဲ့သည်။

စစ်ကောင်စီကား ၁ စီးမီးလောင်သွားပြီး စကစတပ်ဖွဲ့ဝင်အချို့သေဆုံးကာ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦးတို့အား ရက္ခိုင့်တပ်တော်မှ ဖမ်းခေါ်သွားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“စစ်ကား ၂ စီးက တစ်စီးတော့ မီးလောင်သွားတယ်၊ စကစ တပ်ဖွဲ့ဝင်တွေ အများကြီးသေဆုံးသွားတယ်၊ ဗိုလ်ကြီးနဲ့ ဗိုလ်မှူးတွေကို AA ကဖမ်းခေါ်သွားပါတယ်” ဟုဆိုသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်AA မှ မင်းပြားနယ်တွင် စစ်ကောင်စီတပ်ရင်းမှ ဗိုလ်ကြီး ၁ဦး နှင့် ဗိုလ်မှူး ၁ဦး တို့ကို ဖမ်းဆီးရယူထားခြင်း၊ စစ်ကား ၂ စီးကို သိမ်းပိုက်ရရှိခြင်းနှင့် ရသေ့တောင်မြိုနယ်ရှိစကစ နယ်ခြားစောင့်စခန်း ၂ ခုကို ကိုလည်း သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

ထို့အပြင် ရခိုင်ရှိ အဝေးပြေး ကားလမ်းမကိုလည်း စစ်ကောင်စီက ယနေ့မနက် ၈ နာရီကျော်မှ စတင်ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ