Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် ကျိန်းတောင် နှင့် တန်းတောင်မြောင်တို့မှ လက်နက်ကြီး၊ လက်နက်အပါအဝင် စက်သေနပ်များပစ်နေ

မင်းပြားတွင် ကျိန်းတောင် နှင့် တန်းတောင်မြောင်တို့မှ လက်နက်ကြီး၊ လက်နက်အပါအဝင် စက်သေနပ်များပစ်နေ

AB News – နိုဝင်ဘာ ၁၄၊ ၂၀၂၃

ရခိုင်ပြည်၊ မင်းပြားမြို့ရှိ ကျိန်းတောင် ကျိန်းတောင်မှ လက်နက်ကြီး ၊ လက်နက်ငယ် ပစ်ခတ်နေပြီး တန်းတောင်မြောင်မှ စက်သေနပ်များ ဆက်တိုက်ပစ်ခတ်နေကြောင်း သတင်း ရရှိသည်။

ကျိန်းတောင်၌တပ်စွဲထားသည့် စကစ တပ်ရင်းသည် ပြည်သူများသို့ ဦးတည်ပစ်ခတ်နေကြောင်း သိရသည်။

ထို့အပြင် ကျိန်းတောင်နှင့် တစ်ဆက်တည်းတည်ရှိသော စကစ တန်းတောင်မြောင်တို့မှလည်း ပြည်သူများအား ကြောက်လန့်စေရန် ပစ်ခတ်နေကြောင်း မြို့ခံများကပြောသည်။

၎င်းတပ်ရင်းများ သည် ယနေ့ နိုဝင်ဘာလ ၁၄ ရက် ညနေ ၈ နာရီ ၅ မိနစ်ခန့်က လက်နက်ကြီး များပစ်ခတ်နေကြောင်း မြို့ခံတစ်ဦးက AB News သို့ပြောသည်။

“လက်နက်ကြီးက ၃ ချက်ရှိသွားပြီ၊ လက်နက်ငယ်တော့ ၄၀ ကျော်လောက်ပစ်တယ်၊ တစ်ခြားကုန်းကလည်း စက်သေနပ်တွေနဲ့ ခြောက်လှန့်ပြီးပစ်နေတယ်” ဟု ဆိုသည်။

ယခုလိုပစ်ခတ်နေမှုကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်နေရပြီး ဗုံးခိုကျင်းများတွင် ပုန်းဝှက်နေကြရသည် ဟု သိရသည်။

စကစ တပ်ဖွဲ့ဝင်များသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ယခုလို ယမ်းသပ်ပစ်ခတ်နေခြင်းပြည်သူများအတွက် အလွန်အန္တရာယ်ရှိကြောင်း မြို့ခံများကပြောသည်။

ယမန်နေ့ကလည်း မင်းပြားကျိန်းတောင်တပ်ရင်းမှ လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းတွေ့ရသည်။

အလားတူ ကျောက်တော်မြို့နယ်၊ ရသေ့တောင်မြို့နယ်တို့တွင်လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား တစ်ချို့သေဆုံးပြီး၊ ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ