Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း အသုံးပြုပြီး တိုက်ခိုက်၊ ဒေသခံရွာသား ၄ဦး ထိခိုက်ဒဏ်ရာရ

မင်းပြားကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း အသုံးပြုပြီး တိုက်ခိုက်၊ ဒေသခံရွာသား ၄ဦး ထိခိုက်ဒဏ်ရာရ

AB News – ဖေဖော်ဝါရီလ ၁၂၊ ၂၀၂၄

မင်းပြားကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့သောကြောင့် ယနေ့ ဖေဖော်ဝါရီလ ၁၂ရက်၊ ညနေ ၃နာရီခွဲအချိန်တွင် ဒေသခံ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိသူများမှာ မင်းပြားမြို့နယ်၊ တုတ်ပင်လယ်ရွာမှ ကိုအောင်စိုးမင်း ၂၈နှစ်၊ ဦးမောင်ကျန်ရစ် ၅၂နှစ်၊ ဦးသိန်းထွန်းလှ ၃၉နှစ် နှင့် ဦးသန်းရွှေမောင် ၄၀နှစ်တို့ ဖြစ်သည်။

 ယနေ့ ဖေဖော်ဝါရီလ ၁၂ရက်၊ ညနေ ၃နာရီခွဲအချိန်တွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့သောကြောင့် ​မင်းပြားမြို့နယ်၊ တုတ်ပင်လယ်ရွာမှ ရွာသား ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွားသား ၁ဦးက AB News သို့ပြောကြားသည်။

“ဒီနေ့ ညနေ ၃နာရီခွဲအချိန်မှာ တုတ်ပင်လယ်ရွာက ရွာသား ၄ဦးဟာ ပုလဲပေါက်ရွာကို တုတ်တုတ်ချေနဲ့ သွားရာတွင် စစ်ကောင်စီက Jet Fighter နဲ့ ပစ်ခတ်ခဲ့တယ်။ အဲ့ဒါကြောင့် တုတ်ပင်လယ်ရွာသား ၄ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီက Jet Fighter ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကိုအောင်စိုးမင်း၏ ဘယ်ဘက်ပါးနှင့် ဦးမောင်ကျန်ရစ်၏ ခြေနှင့် လက်မောင်းများတွင် ဒဏ်ရရှိခဲ့ပြီး ဦးသိန်းထွန်းလှနှင့် ဦးသန်းရွှေမောင်တို့မှာ ခန္ဓာကိုယ်အနှံ့တို့တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိခဲ့သည့် တုတ်ပင်လယ်ရွာမှ ရွာသားများမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သောကြောင့် အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ရက်၊ နေ့လည် ၂နာရီကျော်အချိန်တွင် မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာကို စစ်ကောင်စီ၏ ရေတပ်စစ်သင်္ဘောနေဗီမှ စစ်ကောင်စီတပ်သားများက ရွာအတွင်းသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့သည်။

ကျောက်တော်မြို့ကိုလည်း ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညသန်ခေါင်ချိန် စစ်ကောင်စီက ထောက်ပို့ယာဥ်အမျိုးအစား Y12 ဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့သောကြောင့် မူဆလင် ၇ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ကစ္ဆပနဒီတံတားကိုလည်း ဗုံးကြဲ ဖျက်ဆီးခဲ့သည်ကိုတွေ့ရသည်။

Website
www.arakanbaynews.com   
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ