Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း အသုံးပြီး ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်၊ ကျားရဲပြင်ရွာ မီးလောင်ပြာကျ

မင်းပြားကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း အသုံးပြီး ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်၊ ကျားရဲပြင်ရွာ မီးလောင်ပြာကျ

AB News – ဖေဖော်ဝါရီလ ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့ကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း အသုံးပြုပြီး ယနေ့ ဖေဖော်ဝါရီလ ၁၀ရက်၊ နေ့လည် ၂နာရီကျော်အချိန်မှ စတင်ကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AB News မှ စုံစမ်းသိရှိသည်။

ယမန်နေ့ ညနေ ၅နာရီ ကျော်အချိန်တွင် မင်းပြားမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီအဖွဲ့သည် စစ်သင်္ဘောများကို အသုံးပြုဝင်ရောက်လာပြီး ကျားရဲပြင်ရွာတွင် စခန်းချခဲ့သည်။

ကျားရဲပြင်ရွာတွင် စခန်းချနေခဲ့သည့် စစ်ကောင်စီတပ်သားများသည် အခြားကျေးရွာများသို့ ချီတက် လာချိန်တွင် ရက္ခိုင့်တပ်တော်က သာလွန်အင်အားဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ရက္ခိုင့်တပ်တော်က အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီအဖွဲ့သည် ကျားရဲပြင်ကျေးရွာနှင့် အခြားနီးစပ်ရာ ကျေးရွာများကို စစ်သင်္ဘောများနှင့် ပစ်ခတ်ခဲ့သည့်အပြင် Jet Fighterဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၀ရက်၊ နေ့လည် ၂နာရီကျော်အချိန်တွင် မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာကို စစ်ကောင်စီ၏ ရေတပ်နေဗီမှ စစ်ကောင်စီတပ်သားများက ရွာအတွင်းသို့ ဝင်ရောက်ပြီး မီးရှို့ခဲ့သည်ဟု ဒေသခံရွာသားအမျိုးသမီး ၁ဦးက ပြောသည်။

“ဒီနေ့ နေ့လည် ၂နာရီကျော်အချိန်မှာ စစ်ကောင်စီအဖွဲ့ ဟာ ကျမတို့ရွာကို ရည်ရွယ်ပြီး စစ်င်္ဘောတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ Jet Fighter တွေနဲ့လည်း ဗုံးကြဲခဲ့တယ်။ စစ်ကောင်စီတပ်သား ၅၀ ကျော်ဟာ စစ်သင်္ဘောပေါ်က တက်ပြီး ကတ္တရာဆီလောင်းပြီး ကျမတို့ရွာကို မီးရှို့ခဲ့ပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့တွင်လည်း မင်းပြားမြို့ကို ရက္ခိုင်တပ်တော်မှ အပြီးပိုင်သိမ်းပိုက်ခဲ့ပြီးနောက် ယမန်နေ့ဖေဖော်ဝါရီ ၉ ရက်နေ့က စစ်ကောင်စီအဖွဲ့သည် ရေကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်လာပြီး ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်လည်း လေကြောင်းအသုံးပြုကာ တန်ပြန်တိုက်ခိုက်လာသည်ကို တွေ့ရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၉ရက်၊ ၁၀နာရီကျော်အချိန်မှ စတင်ကာ စစ်ကောင်စီ၏ စစ်သင်္ဘောက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ မင်းပြားမြို့အနီးရှိ ငတန်ပျင်းကျေးရွာမှ နေအိမ်များ မီးလောင်ခဲ့ရကြောင်းလည်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီအဖွဲ့ ကျားရဲပြင်ရွာကို မီးချို့ဖျက်ဆီးခဲ့၍ မီးလောင်နေသည်ကိုမြင်ရစဥ်/ABN

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ