Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်ပြားမြိုနယ်ရှိ ရွာ ၂ ရွာကြားတွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီက ရွာကို အကာအကွယ်ယူ တိုက်ခိုက်နေ

မင်ပြားမြိုနယ်ရှိ ရွာ ၂ ရွာကြားတွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီက ရွာကို အကာအကွယ်ယူ တိုက်ခိုက်နေ

AB News ဇန်နဝါရီ ၁၁၊ ၂၀၂၄

ရက္ခိုပြည်၊ မင်းပြားမြိုနယ် ရာမောင်တံတား၏ ညာဘက်ခြမ်းတွင်ရှိသော တောင်တိုက် နှင့် ကြမ်းတိုက်ရွာကြားတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို ၂ ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း AB News ကစုံစမ်းသိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် အင်အား ၅၀ ကျော်ခန့်ပါသော စကစ စစ်ကြောင်းသည် တောင်တိုက်ဘက်သို စက်လှေဖြင့် ဖြတ်ကူးလာခဲ့ရာ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သိုပြောသည်။

“စကစတွေက စက်လှေနဲ့ ကျမတိုဖက်ကမ်းကို ကူးလာတယ်၊ AA ကဝင်တိုက်ပြီး အပြန်အလှန်ပစ်ခတ်ကြတယ်၊ ကျမတိုလည်း အသက်လုထွက်ပြေးခဲ့ရတယ်” ဟုဆိုသည်။

စစ်ကောင်စီအဖွဲက တောင်တိုက်ရွာသို ဝင်ရောက်ပြီး ပိတ်မိကျန်ခဲ့သည့် ရွာသားများကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိပြီး AA ကိုတိုက်ရန် ရွာထဲရှိအိမ်များကို အကာအကွယ်ယူရန်ပြုလုပ်နေကြောင်း ထွက်ပြေးလွတ်မြောက်လာသူများထံမှ သိရသည်။

တိုက်ပွဲ ဖြစ်ပွားစဥ်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံး ၃ လုံးထက်မနည်းကြဲချခဲ့ရာ ၎င်းရွာအနီးရှိ နေအိမ်များအချိုပျက်စီးခဲ့ကာ ကြက်မွေးမြူထားသော ခြံလည်း မီးလောင်နေကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်က ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်မှစပြီး မင်းပြားအခြေစိုက် စကစလက်အောက်ခံ ၃၈၀၊ ၃၇၉၊ ၅၄၁ တိုကို ဝင်ရောက်တိုက်ခဲ့သည်။

ညနေပိုင်းတွင် ၃၈၀ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်းတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြိုတွင်းမှ နယ်ဘက်ထိသို စစ်မြေပြင်ဧရိယာပိုမိုကျယ်ပြန့်လာခဲ့သည်ကိုတွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီမှ MI-35 တိုက်ခိုက်ရေးရဟတ်ယာဥ် တစ်စီး၊ Y-12 ထောက်ပို /ဗုံးကြဲလေယာဥ် တစ်စီးအပါအဝင် Jet Fighter ၁ စီးဖြင့် ၅ ကြိမ်ထက်မနည်း လာရောက်တိုက်ခဲ့သည့်အပြင် သင်္ချိုင်းတောင်တန်းများပေါ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြိုခံအချိုသေဆုံးခဲ့ ပြီး ပြင်းထန်ဒဏ်ရာရရှိသူ ၁၃ ဦးထက်မနည်းရှိနေသေးကြောင်း သိရသည်။

ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သတင်းရရှိထားသော်လည်း အသေးစိပ်အချက်အလက်များကို AB News ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ