Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင် ၊ ကျောက်တော်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ လူနေရွာများသို့ အဆက်မပြတ်ပစ်ခတ်

မနေ့က နိုဝင်ဘာလ ၂ ရက် နံနက် ၅ နာရီကျော်လောက်အချိန်မှစတင်၍ ကျောက်တော် စကခ (၉)တပ်ရင်းမှ လူနေရွာများဖက်သို့ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ညနေ ၅ နာရီအချိန်ခန့်ထိ ပစ်ခတ်နေခဲ့သိရသည်။

ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ကျောက်တော်မြို့နယ်မှ ပီထု၊ ပီချောင်း၊ ငါးဆောင်စု၊ ပီစိ ရွာများဖက်သို့ လက်နက်ကြီးများ ကျရောက်ခဲ့၍ ရွာသူရွာသားများမှာ ဗုံးခိုကျင်းထဲတွင် ပုန်းခိုနေခဲ့ရကြောင်း သိရသည်။

“မနက် ၅ နာရီကျော်လောက်က စပစ်နေတာပါ အဲဒီအချိန်လောက်ကတော့ ၃လုံး ၄လုံးလောက်ပစ်ပြီ ငြိမ်သွားပါတယ်။ ဒါပေမယ့် ညနေပိုင်း ၅ နာရီကျော်လောက်က ထပ်ပစ်ပါတယ်။ ညပိုင်းက လက်နက်ကြီး အလုံး ၁၀ ကျော်လောက်ပစ်ပါတယ်။ ကျွန်မတို့လည်းကြောက်လို့ ဗုံခိုကျင်းထဲဆင်းပြီး ပုန်းကြပါတယ်” ဟု ဒေသခံတစ်ယောက်က ABN ကိုပြောသည်။

ထိုစစ်ကောင်စီတပ်ရင်း စကခ ၉ မှ အောက်တိုဘာလ ၃၁ ရက်နေ့ ညည့်ကပစ်ခဲ့သည့်အတွက် ပီစိရွာမှာ မိသားစု ၃ ဦး သေဆုံးခဲ့ရပြီး နေအိမ် ၆ အိမ်နှင့် နွားများ ဒဏ်ရာရ သေဆုံးခဲ့ရသည်။

ထို့အတူ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၅နာရီ ကလည်း ဘူးသီးတောင်မြို့ အခြေစိုက် စစ်ကောင်စီတပ်မ ၅၅၁ မှ အနီးနားရွာများဖက်သို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။

“ညနေ ၅ နာရီလောက်က လက်နက်ကြီးတွေနဲ့ ထုနေတာ။ ကျနော်တို့ရွာသားတွေကလည်း ကြောက်လို့ ထမင်းတောင် မစားရဘူး။ ဗုံးခိုကျင်းထဲမှာပဲ ပုန်းနေကြရတယ်” အမည်မဖော်လိုသည့် ရွာသားတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်များသည် ရခိုင်ရွာများဖက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေမှုများကြောင့် အရပ်သား ၉ ဦးသေဆုံးခဲ့ရပြီး ၂၀ ဦးဒဏ်ရာရခဲ့ရသည်။

ဓာတ်ပုံ-မြန်မာစစ်ကောင်စီ လက်နက်ကြီးတပ်

ဘူးသီးတောင် ၊ ကျောက်တော်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ လူနေရွာများသို့ အဆက်မပြတ်ပစ်ခတ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ