Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင် ထောင်က ထောင်သား အချုပ်သား ၅၀၀ ကျော်ကို ရန်ကုန်သို့ စစ်ကောင်စီရွှေ့ပြောင်း

ဘူးသီးတောင် ထောင်က ထောင်သား အချုပ်သား ၅၀၀ ကျော်ကို ရန်ကုန်သို့ စစ်ကောင်စီရွှေ့ပြောင်း

AB News – ဧပြီ ၁၊ ၂၀၂၄

ရက္ခိုင်ပြည်  ဘူးသီးတောင် ထောင်က ထောင်သား အချုပ်သား ၅၀၀ ကျော်ကို ရန်ကုန်သို့ စစ်ကောင်စီ ရွှေ့ပြောင်းနေကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ဧပြီလ ၁ ရက်နေ့ နံနက် ၈ နာရီကျော်မှစပြီး အချုပ်သားများကို ကညင်ချောင်းဇုန် ဆိပ်ကမ်းမှ ဇက်ရေယာဥ်ဖြင့် ရန်ကုန်သို့ ပိုဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“ထောင်က အချုပ်သား ထောင်သား ၅၀၀ကျော် ကို အပြင်ထုတ်လာတယ်။ ကညင်ချောင်းဖက်ကိုယူသွားပြီးတော့ ဇက်နဲ့ ရန်ကုန်ကို ပို့လိုက်တယ်လို့ သိရပါတယ်” ဟုဆိုသည်။

စစ်ကောင်စီက မတရားပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီး အကျဥ်းချခံထားရသသည့် အမှုစစ်ဆေးမှုမပြီးမြောက်သေးသူများစွာပါရှိကြောင်း  သိရသည်။

စစ်ကောင်စီသည် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့အား လက်လွှတ်ဆုံးရှုံးလျှင် တရားစီရင်ရေးကိစ္စများလုပ်နိုင်တော့မည် မဟုတ်သည့်အတွက် ရွှေ့ပြောင်းသွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ဆက်ပြောသည်။

“မောင်တောနဲ့ဘူးသီးတောင်ကို လက်လွှတ်ရမှာမို့ အခုလိုပို့တာဖြစ်နိုင်တယ်။ စစ်ကောင်စီက လက်လွှတ်လိုက်ရရင် ရုံးတင်စစ်ဆေးဖို့နေရာလည်းမရှိတော့ဘူးပေါ့၊ ဒါကြောင့်အရေးပေါ် ပို့ဆောင်နေတာဖြစ်မှာပါ” ဟုဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကလည်း မောင်တောမြို့နယ် ၊ မြို့သူကြီးအခြေစိုက် နယ်ခြားစောင့် နခခ ၅ နှင့် နခခ ၂ ရှိ တပ်ဖွဲ့ဝင်မိသားစုများကို ဇက်ရေယာဥ်ဖြင့် ရန်ကုန်၊ နေပြည်တော်များသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်တော်သည် ဘူးသီးတောင်၊ မောင်တောမှ စစ်ကောင်စီစခန်းအချို့ကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်ကာ ကျန်ရှိနေသေးသည့် စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရက္ခိုင့်တပ်တော် ထိန်းချုပ်နယ်မြေများတွင် ပြည်သူ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ယန္တရားများကို AA ကအကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။

လက်နက်အင်အားအကောင်းဆုံး စခန်းကြီးတစ်ခုဖြစ်သည့် စစ်ကောင်စီ၏ မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင် ရေးအတွက် ထိုးစစ်အရှိန်ကို တစ်ဆင့်ပြီးတစ်ဆင့်မြှင့်ကာ တိုက်ခိုက်လျက်ရှိကြောင်း AA ကမတ်လ ၂၈ ရက်နေ့ထုတ်ပြန်ခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ