Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မှ မောင်တောသို့ စစ်ကူလာသည့်ကား ၄ စီးအား AAမှကြားဖြတ်ဝင်တိုက်၍ ၃ စီးရရှိ

ဘူးသီးတောင်မှ မောင်တောသို့ စစ်ကူလာသည့်ကား ၄ စီးအား AAမှကြားဖြတ်ဝင်တိုက်၍ ၃ စီးရရှိ

AB News – နိုင်ဝင်ဘာ ၁၅၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်မှ မောင်တောဖက်သို့ စစ်ကူလာသည့် စစ်ကောင်စီ ကား ၄ စီးအား AA မှ ကြားဖြတ်ဝင်တိုက်၍ ၃ စီးရရှိထားကြောင်း သတင်း ရရှိသည်။

စကစ စစ်ကား ၄ စီးသည် ယနေ့ မနက်ပိုင်း ၅ နာရီခန့်မှ မောင်တောသို့ စစ်ကူလာစဥ် ရက္ခိုင့်တပ်တော် AA မှ ဘူးသီးတောင်မြို့နယ် ၆ မိုင်အနီးတွင် ကြားဖြတ်ဝင်တိုက်ရာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ကြောင်း ဒေသခံတစ်ဦး က AB News သို့ပြောသည်။

” ၅ နာရီလောက်မှာပါ ၊ သူတို့က မောင်တောဖက်ကို စစ်ကူလာတယ်၊ လူအင်အားများပါတယ်၊ AA ကကြားဖြတ်ဝင်တိုက်တော့ အ​ပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တယ်” ဟု ဆိုသည်။

စစ်ကောင်စီ ကား ၃ စီးကို AA က သိမ်းပိုက်ထားပြီး နောက်တစ်စီးလွတ်သွားကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင် မည်မျှဖမ်းဆီးရမိထားသည်ကို တိတိ ကျမသိရှိရသေးပေ။

၎င်းသတင်း အပြည့်အစုံ ကို အတည်ပြုရန်အတွက် AB News က ဆက်လက်ထောက်လှမ်းလျက်ရှိသည်။

ထို့အပြင် နိုဝင်ဘာ ၁၃ ရက်နေ့က မင်းပြား တိုင်းဗဟို ၉ မှ လာသည့် စစ်ယာဥ်တန်းအားကြားဖြတ်ဝင်တိုက်ရာ၌ စစ်ကားတစ်စီးအား မီးရှို့နိုင်ခဲ့ပြီး တစ်စီးကို သိမ်းပိုက်ရရှိခဲ့ကြောင်း တွေ့ရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီရန်သူ့စခန်းများသို့ အကွက်ကျကျ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ