Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ် သရက်ကင်းမနူးရွာကို လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မူဆလင်ကျောင်းဆရာ တစ်ဦးသေဆုံးပြီး ကလေး ၂ ဦးဒဏ်ရာရ

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ် သရက်ကင်းမနူး မူဆလင်ရွာကို စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မူဆလင်ကျောင်းဆရာ တစ်ဦးသေဆုံးပြီး ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၁၀ နာရီကျော်အချိန်မှစ၍ ဘူးသီးတောင်မြို့နယ် သရက်ကင်းမနူးရွာကို စစ်ကောင်စီ စကခ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား

မူဆလင် အသက် ၃၅ နှစ် ကျောင်းဆရာ အဘူနော်ဆဲရ်သည် လက်နက်ကြီးကျ၍ ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာဖြင့် နေရာတွင်ပင်သေဆုံးသွားပြီး နောက်ထပ် ကလေး ၂ ဦးလည်းဒဏ်ရာရသွားကြောင်းသိရသည်။

“မနက် ၁၀ နာရီကျော်လောက်အချိန်မှာ စပစ်နေတာပါ အခု ၁ နာရီကျော်ရှိပါပြီ အခုထိလည်းပစ်နေပါတယ် ” ဟု အနီးနားရွာသားတစ်ယောက်မှ ပြောသည်။

အောက်တိုဘာလ ၄ ရက်နေ့ကလည်း စစ်ကောင်စီ နေဗီမှ ပစ်သည့်ကျည်ကျ၍ ကျောက်တော်မြို့နယ် ရွှေပြည်သစ်ရွာမှ အပြစ်မဲ့ပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာများ ရရှိခဲ့သည်။

ဘူးသီးတောင်မြို့နယ် သရက်ကင်းမနူးရွာကို လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မူဆလင်ကျောင်းဆရာ တစ်ဦးသေဆုံးပြီး ကလေး ၂ ဦးဒဏ်ရာရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ