Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ် တွင် အကြမ်းဖက် စစ်ကောင်စီနှင့် စစ်သွေးကြွဘင်္ဂလီမူဆလင်များ ရွာများသို့ဝင်ရောက်ပြီး မူဆလင်များကို ဖမ်းဆီးနေသည့်အတွက် ထွက်ပြေးလာသည့်လာသူများအား AA မှ ကူညီ

AB News – မေ ၁၈ ၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီနှင့် စစ်သွေးကြွဘင်္ဂလီမူဆလင်များ ရွာများသို့ဝင်ရောက်ပြီး မူဆလင်များကို ဖမ်းဆီးနေကြောင့် ထွက်ပြေးလာသည့်လာသူများအား AA မှ မေးမြန်းကူညီထားသည့် ရုပ်သံအား ယနေ့ မေလ ၁၈ ရက် ညတွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် “၂၀၂၄ ခုနှစ်၊ မေလ (၁၆) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာ နှင့် ၎င်း၏လက်အောက်ခံ အမတ (၃၇၈) တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင် မူဆလင်ကျေးရွာသို့ ဝင်ရောက်ခဲ့ကြောင်း AA ဆိုသည်။

ထို့အပြင် ၎င်းတို့သည် အရွယ်ရောက်ပြီးသော မူဆလင်အမျိုးသားများကို အကြမ်းဖက်စစ်တပ်ထဲသို့ စစ်မှုထမ်းရန်ခေါ်ဆောင်နေသောကြောင့် ထွက်ပြေးလာကြသော ကလေးငယ်များအပါအဝင် မူဆလင် အမျိုးသား အမျိုးသမီး စုစုပေါင်း (၂၂) ယောက်အား အာရက္ခတပ်တော်မှ မောင်တောမြို့နယ်၊ အောင်ဇေယျကျေးရွာ၏ အရှေ့တောင်ဘက် (၃.၂၁) ကီလိုမီတာခန့်အကွာတွင်တွေ့၍ မေးမြန်းထားကြောင်း AA ၏ထုတ်ပြန်ချက်တွင်ပါ ရှိသည်။

စစ်ကောင်စီက ၃ ရက်ကြာ အစာရေစာမကျွေးဘဲ ဖမ်းဆီး ပိတ်လှောင်ထားခဲ့သည့် ခရုချောင်းမူဆလင်ရွာမှ ကလေးငယ်များအပါအဝင် အမျိုးသား၊ အမျိုးသမီး ၃၅ ဦးကို အာရက္ခတပ်တော်က ကယ်ထုတ်နိုင်ခဲ့သည်။

ရက္ခိုင်ပြည်၊ ဘူးသီးတောင်တွင်လည်း စစ်ကောင်စီက ၃ ရက်ကြာ အစာရေစာမကျွေးဘဲ ပိတ်လှောင်ထားခဲ့သည့် ခရုချောင်းမူဆလင်ရွာမှ ကလေးငယ်များအပါအဝင် အမျိုးသား၊ အမျိုးသမီး ၃၅ ဦးကို အာရက္ခတပ်တော်က ကယ်ထုတ် နိုင်ခဲ့ကြောင်း ယနေ့ မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် စစ်သွေးကြွဘင်္ဂလီမူဆလင်များသည် ဘူးသီးတောင်တစ်မြို့လုံးကို မီးရှို့ဖျက်ဆီး ထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ