Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်ရှိ ရွာမ(ရက္ခိုင်) ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီး

ဘူးသီးတောင်မြို့နယ်ရှိ ရွာမ(ရက္ခိုင်) ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီး

AB News – ဧပြီ ၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ ရွာမ(ရက္ခိုင်)ရွာကို အ​ကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဧပြီလ ၁ရက်၊ ညနေ ၁၂ နာရီကျော် အချိန်တွင် စီးနင်းဝင်ရောက်ပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ယမန်​နေ့ ညနေ ၁၁ နာရီ၊ ၄၀ မိနစ်ခန့်အချိန်က အကြမ်းဖက်စစ်ကောင်စီသည် ရွာမ(ရက္ခိုင်)ရွာ၏ အရှေ့ဘက် မီတာ ၅၀၀ ခန့်အကွာမှ သံခြီကျေးရွာသို့လည်း RPG လက်နက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အ​ကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေ ၁၂ နာရီကျော်ခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ်ရှိ ရွာမ(ရက္ခိုင်)ရွာကို ရွာသားတွေ ရွာက ထွက်ပြေးနေချိန် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံ ၁ဦးက AB News သို့ ပြောသည်။

“ဒီအနီးအနားမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ကင်းလှည့်လေ့ ရှိတယ်။ မနေ့က ညအချိန်မှာ သံခြီရွာကို RPG ၄လုံး ပစ်ခတ်ခဲ့တယ်။ ရွာသားတွေလည်း ရွာက ထွက်ပြေးသွားကြတယ်။ အဲဒီအချိန်မှာ ရွာထဲက အိမ်တွေကို ဝင်ပြီး မီးရှို့ခဲ့တာပါ” ဟုဆိုသည်။

စစ်ကောင်စီအဖွဲ့၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရွာမ(ရက္ခိုင်)ရွာအတွင်း အပျက်အစီး၊ ဆုံးရှုံးမှုများနှင့် ပတ်သက်၍ အသေးစိတ်ကို AB News မှ ဆက်လက်စုံစမ်းလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် ရွာမ(ရက္ခိုင်)ရွာ အပါအဝင် သံခြီကျေးရွာမှ ရွာသားများမှာ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဘူးသီးတောင်မြို့နယ်တွင်ရှိသည့် စစ်ကောင်စီ၏  တောင်ဘဇာစခန်းအား မတ်လ ၂၅ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့သည်။

အဆိုပါနေ့တွင်ပင် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ရွာ၏ တောင်ဘက် ၄ ကီလိုမီတာခန့်အကွာ ဘူးသီးတောင်- မောင်တောကျော်လမ်း၌ အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ၊ ခလရ ၂၃၄ တပ်ရင်းမှ အင်အား ၅၀ ခန့်ရှိ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့နောက် စစ်ကောင်စီဘက်မှ မျက်မြင် ၈ ဦး ကျဆုံးခဲ့သည်ဟု AA၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-ရွာမ (ရက္ခိုင်)ရွာ မီးလောင်နေသည်ကိုတွေ့ရစဥ်/ABN

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ