Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်မှ အမျိုးသား ၁ဦး စစ်ကောင်စီတပ်၏ လက်ကျန် မြေမြှုပ်မိုင်းနင်းမိ၍ ခြေ၂ဖက်လုံး ပြင်းထန်စွာဒဏ်ရာရ

ဘူးသီးတောင်မြို့နယ်မှ အမျိုးသား ၁ဦး စစ်ကောင်စီတပ်၏ လက်ကျန် မြေမြှုပ်မိုင်းနင်းမိ၍ ခြေ၂ဖက်လုံး ပြင်းထန်စွာဒဏ်ရာရ

AB News – ဖေဖော်ဝါရီလ ၁၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဝက်မကျ (မူဆလင်)ရွာက အမျိုးသား ၁ဦးသည်  ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် စစ်ကောင်စီတပ်၏ လက်ကျန် မြေမြှုပ်မိုင်းနင်းမိကာ ခြေ၂ဖက်လုံး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သူမှာ ဘူးသီးတောင်မြို့နယ်၊ ဝက်မကျ (မူဆလင်)ရွာက အဖ အီလီယာစ်၏သား မာမောက်အာယု (၂၈)နှစ် ဖြစ်သည်။

 ဖေဖော်ဝါရီလ ၁၀ရက်နေ့က မာမောက်အာယု အပါအဝင် အမျိုးသား ၄ဦးသည် ရသေ့တောင်မြို့နယ်၊ ထီးစွဲရွာဘက်သို့ ငါးရှာသွားစဥ် ထီးစွဲရွာအနီး စစ်ကောင်စီ တပ်ချခဲ့သည့် နေရာမှ ပစ္စည်းဟောင်းအချို့ကို သွားယူစဥ် မိုင်းနင်းမိပြီး မာမောက်အာယုမှာ ခြေ၂ဖက်လုံး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

မိုင်းနင်းမိပြီး ခြေ၂ဖက်လုံးတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် မာမတ်အာယု အား ဘူးသီးတောင်ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ရက်နေ့ကလည်း ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေရွာမှ  ရွာသား ၁ဦး  စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိကာ ခြေ ၁ဖက် လုံးဝပြတ်ထွက်သွားခဲ့သည်။
 

Website
www.arakanbaynews.com   
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ