Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်မှ မူဆလင်များကို အဓမ္မဖမ်းဆီးပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖန်တီးနိုင်ရေး လက်နက်တပ်ဆင်ပေးရန် စစ်ရှုံးနေသည့် စစ်ကောင်စီအဖွဲ့ပြင်နေ

AB News-ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄

ရက္ခိုင်တွင် စစ်ရှုံးနေသည့် အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဖန်တီးရန် ရည်ရွယ်ချက်ရှိရှိ ဘူးသီးတောင်မြို့နယ်မှ မူဆလင် လူငယ်များအား ညဉ့်အချိန် ရွာထဲဝင်ရောက်ကာ အဓမ္မဖမ်းဆီးပြီး လက်နက်တပ်ဆင်ပေးရန် ပြင်ဆင်နေသည်ကို တွေ့ရှိရသည်။

နယ်ချဲ့ ဖက်ဆစ်တို့၏ သရုပ်သကန်အတိုင်း စစ်ရှုံး၍ စွန့်ခွါရခါနီးတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဖန်တီးသည့်အလား စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်ပြည် ဘူးသီးတောင်၊ မောင်တောမြို့နယ်များရှိ မူဆလင် လူငယ်များအား မတရားဖမ်းဆီး စည်းရုံးသိမ်းသွင်းကာ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက် ၂၀ ရက်နေ့များကလည်း ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ မူဆလင်လူငယ် ၁၀၀ ကျော်အား ဘူးသီးတောင်မြို့နယ် ငကျိုင်တောက်ရွာရှိ ခမရ ၅၃၅၊ ၃၅၃ တပ်ရင်းမှ ညဥ့်အချိန် အဓမ္မဖမ်းဆီးသွားကြောင်း မူဆလင်ရွာသားများ ပြောပြချက်အရ သိရသည်။

အဓမ္မဖမ်းဆီးခံခဲ့ရသည့် မူဆလင်လူငယ်များမှာ ဘူးသီးတောင်မြို့နယ်မှ ငကျိုင်တောက်ရွာမှ ၃၃ ဦး၊ ပုဇွန်ချောင်းရွာမှ ၁၃ ဦး၊ တပ်မချောင်းရွာမှ ၅၀ ဦးနှင့် ကျောက်ဖြူတောင်ရွာတို့မှ လူငယ်များ ဖြစ်ကြသည်။

ထို့အပြင် မောင်တောမြို့ မြို့မတောင်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး အဒူလာမိန် (ခ)ဦးလှသိန်းအား ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညက စစ်ကောင်စီတပ်က လုပ်ကြံပစ်သတ်ခဲ့ကြောင်း သိရသည်။

၎င်းမှာ စစ်မှုထမ်းဆောင်မည့် မူဆလင်လူဦးရေ စာရင်း မပေးပို့နိုင်‌ခြင်းနှင့် ဖေဖော်ဝါရီလ ၉ ရက်နေ့က မြို့သူကြီးတပ်ရင်း၊ ဘူးသီးတောင်တပ်မတို့၌ ပြုလုပ်ခဲ့သော အစည်းအဝေး သတင်းပေါက်ကြားခဲ့ခြင်းများအပြင် စစ်ကောင်စီတပ်ကခေါ်ယူချိန်တွင် မလာရောက်နိုင်သည့်အတွက် စစ်ကောင်စီတပ်က လုပ်ကြံပစ်သတ်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ/ယာရှိ စစ်ကောင်စီ နယ်ခြားစောင့်ဗျူဟာတွင်ရှိသည့် လက်နက်များအားလုံးကို လက်နက်ကိုင် ဘင်္ဂလီမူဆလင်ဓားပြဂိုဏ်းအား ဘင်္ဂလားဒေ့ရှ်ငွေ ၁၀ သန်းဖြင့် ရောင်းချခဲ့သေးသည်။

မြန်မာတပ်မတော်အမည်ခံ (လက်ရှိစစ်ကောင်စီ) သည် ရက္ခိုင်ပြည်အတွင်းရှိ မတူကွဲပြားသော လူမျိုးများ၊ ယုံကြည်ကိုးကွယ်မှုများအား လူမျိုးရေး ဘာသာရေးပဋိပက္ခများဖန်တီးပြီး ခွဲခြားဖျက်ဆီးမှုများကိုနှစ်ပေါင်း ရာစုချီပြုလုပ်လာခဲ့ပြီးဖြစ်သည်။

မန္တလေးတွင်လည်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကောင်စီသည် လူမျိုးရေးပဋိပက္ခ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဝါဒဖြန့်စာများ လိုက်ဝေခဲ့သေးသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ