Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်မှ ခမီတိုင်းရင်းသားကလေးငယ် ၁ ဦး ဆေးကုသမှုခံယူရန် အရေးပေါ် အလှူငွေလိုအပ်နေ

ABN-နွယ်စိုး

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတွင်း အုပ်စု ဂန္ဓရူးကျေးရွားမှ ခမီတိုင်းရင်းသား ကလေးငယ် ၁ ဦး မွေးရာပါ စအိုပေါက်မပါသည့်အတွက်ကြောင့် ခွဲစိတ်ကုသရန် ကုန်ကျစရိတ် လုံလောက်မှုမရှိခြင်းကြောင့် အရေးပေါ် အလှူငွေ လိုအပ်နေကြောင်း သိရသည်။

ကျောင်းတွင်းအုပ်စု ဂန္ဓရူးကျေးရွာမှ အဖ ကိုလှမောင်နှင့် အမိ မစန္ဒာတို့၏သား မောင်ထက်မြတ်အောင်မှာ မွေးရာပါ စအိုပေါက်မပါ၍ ခွဲစိတ်ကုသမှု ခံယူရန် စစ်တွေမြို့ ဆေးရုံးကြီးတွင် အစာဟောင်းအူမကြီးကို ခွဲစိတ်ကုသခဲ့သော်လည်း သက်သာမှုမရှိခဲ့သည့်အတွက်ကြောင့် ဆေးကုသမှုခံယူရန် ရန်ကုန်ဆေးရုံတွင် ဆေးကုသခဲ့ရကြောင်း သိရသည်။

ယခုအချိန်အတွင် ဆေးကုသမှုခံယူရန် ရန်ကုန်၊ ရန်ကင်းမြို့နယ် ၁၁ ရပ်ကွက် ပညာမဥ္ဇူကျောင်းတိုက်၌ နေထိုင်ပြီး ပိုင်ဆိုင်သည့် အိမ်ယာနှင့်လယ်ယာမြေများကို ရောင်းချ၍ ဆေးကုသနေသော်လည်း ခွဲစိတ်ကုသရန် ကုန်ကျစရိတ်ကြီးမားလွန်းသည့်တွက်ကြောင့် ငွေးကြေးမလုံလောက်မှု အခက်အခဲဖြစ်နေကြောင်း သိရသည်။

ဆေးကုသမှုခံယူရန် ငွေးကြေ သိန်း ၆၀ ကျော်လိုအပ်ပြီး မောင်ထက်မြတ်အောင်မှာ ပြီးခဲ့သည် ၂၀၂၁ ခုနှစ်ကလည်း ရန်ကုန် ပါရမီ ပုဂ္ဂလိက ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခံယူခဲ့ပြီး လက်ရှိတွင် ရောဂါအခြေနေ ပိုဆိုးလာသည့်တွက်ကြောင့် ဆေးကုသရန် ငွေကြေးအားဖြင့် တတ်နိုင်သည့် ပမာဏခန့်လှူတန်းစေလိုကြောင်း ABN သတင်းဌာနမှတစ်ဆင့် မိဘများက မေတ္တာရပ်ခံထားပါသည်။

‘’ ၂၀၂၁ နှစ်ကလည်း တစ်ခါ ပြဖူးပါတယ် ရန်ကုန် ပါရမီ ပုဂ္ဂလိက ဆေးရုံးမှာပါ ပိုက်ဆံကတော့ ၃၀ နီးပါးလောက် ကုန်ခဲ့ပါတယ်၊ အိမ်တွေ လယ်တွေကိုလည်း ဆေးကုဖို့ ရောင်းလို့ ကုန်သွားပါပြီ။ ကျနော်တို့လည်း ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။ ဆေးကုစရိတ်က များလွန်းတော့ ပိုက်ဆံက မလုံလောက်သေးပါဘူး၊ စားဝတ်နေရေးကတော့ ဆရာတော်က ထောက်ပံပေးထားလို့ အဆင်ပြေနေပါတယ်” ဟုပြောသည်။

လက်ရှိတွင် ငွေကြေး မတတ်နိုင်တော့၍ ဆေးဆက်လက်မကုသနိုင်တော့သည့်အတွက် ဆေးရုံမှ ဆင်းကာ ဘုန်းကြီးကျောင်းတွင် တည်းခိုနေရကြောင်းလည်း ဖခင်ဖြစ်သူက ဆက်ပြောသည်။

လှူဒါန်းလိုပါက အလှူရှင်များအနေဖြင့် အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ကိုလှမောင် ၀၉၄၅၆၃၈၅၀၃၉ (မောင်ထက်မြတ်အောင် ဖခင်)

ကိုသန်းဌေး Kpay / Wavepay ၀၉၄၂၁၀၉၀၉၄၄

ဘူးသီးတောင်မြို့နယ်မှ ခမီတိုင်းရင်းသားကလေးငယ် ၁ ဦး ဆေးကုသမှုခံယူရန် အရေးပေါ် အလှူငွေလိုအပ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ