Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီမှ ရဟတ်ယာဥ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်နေ

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီမှ ရဟတ်ယာဥ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်နေ

AB News – နိုဝင်ဘာ ၁၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကထီးလှရွာသို့ စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် အမည်မသိရသေးသည့် အဖွဲ့တို့သည် ယနေ့မနက်ပိုင်း ၅နာရီခွဲတွင်၂ ဖက်တိုက်ပွဲအပြင်းအထန် စတင်ဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ရဟတ်ယာဥ် ၂စီးဖြင့် ကထီးလှရွာသို့ ဗုံးကြဲပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများ ရှောင်ပြေးနေရကြောင်း အမျိုးသားတစ်ဦးက AB News သို့ပြောသည်။

” ရွာထဲကိုပစ်နေပါတယ်၊ အထိအခိုက်ပျက်စီးမှုလည်းမသိရသေးဘူး၊ အကုန်လုံးထွက်ပြေးနေရတယ် “ဟု ဆိုသည်။

ထိုရဟတ်ယာဥ်သည် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ဖက်တွင် အနည်းငယ်ပစ်ခတ်မှုရှိခဲ့ပြီး ဘူးသီးတောင်ဖက်သို့ ဦးတည်ပျံသန်းကာ ၎င်းရွာအနီးပတ်ဝန်းကျင်ကို လှမ်းပစ်နေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ သတင်းရေးသားနေသည့် အချိန်အထိ စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ စက်လက်နက်များလှမ်းပစ်မှုများပြုလုပ်လျက်ရှိသည်။

စကစတို့သည် ပေါက်တောမြို့ကို ထိန်းချုပ်လိုက်ပြီဟု သတင်းများထွက်ပေါ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုနှင့် ရေကြောင်း နေဗီများကို အဓိကအသုံးပြုတိုက်ခိုက်လျက်ရှိသည်ကိုတွေ့ရသည်။

စစ်ကောင်စီသည်မည်သည့်အဖွဲ့နှင့် တိုက်ပွားနေသည်ကို တိတိကျကျမသိရှိရသေးသည့်အပြင် ထိခိုက်ပျက်စီးမှုများ ရှိ/မရှိကို AB News ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ