Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီ၏  တောင်ဘဇာစခန်းအား ရက္ခိုင့်တပ်တော် သိမ်းပိုက်

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီ၏  တောင်ဘဇာစခန်းအား ရက္ခိုင့်တပ်တော် သိမ်းပိုက်

AB News – မတ်လ ၂၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင်ရှိသည့် စစ်ကောင်စီ၏  တောင်ဘဇာစခန်းအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊  တောင်ဘဇာစခန်းအား သိမ်းပိုက်ရရှိခဲ့သည်” ဟု ဖော်ပြထားသည်။

မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင် ရေးအတွက် ထိုးစစ်အရှိန်ကို တစ်ဆင့်ပြီးတစ်ဆင့်မြှင့်ကာ တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီဘက်မှလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူအများအပြားနှင့် မရပ်မနားအသည်းအသန် ခုခံလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီ ၃၆ မိနစ်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ရွာ၏ တောင်ဘက် ၄ ကီလိုမီတာခန့်အကွာ ဘူးသီးတောင် မောင်တောကျော်လမ်း၌ အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ၊ ခလရ ၂၃၄ တပ်ရင်းမှ အင်အား ၅၀ ခန့်ရှိ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့နောက် စစ်ကောင်စီဘက်မှ မျက်မြင် ၈ ဦး ကျဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ရက္ခိုင်ဒေသဌာနချုပ် (တနည်း)  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ ၁၄၀၀ ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့  မတ်လ ၂၆ ရက်နေ့၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၁၀ နာရီ၊ ၁၈ မိနစ်ခန့်အချိန်တွင် စစ်ကောင်စီ၏ စကခ ၅ လက်အောက်ခံ ခမရ ၃၄၆ နှင့် တခြားတပ်များမှ စုပေါင်းထားသောစစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော်တို့သည်  မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင့် ဖော်ပြထားသည်။

ယနေ့ မတ်လ ၂၈ ရက်နေ့၊ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် မြေပုံမြို့နယ်၊ လီသွန်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၄၀၀ ခန့်အကွာ တောင်ကြော၌ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၃ နည်းဗျူဟာစစ်ဆင်ရီးကွပ်ကဲမှုလက်အောက်ခံ၊ ခမရ ၅၆၃ တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ