AB News – ဖေဖော်ဝါရီလ ၉၊ ၂၀၂၄
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် အမျိုးသား ၁ဦးကို ယမန်နေ့ ဖေဖော်ဝါရီ ၈ရက်၊ မွန်းလွှဲ ၁၂ နာရီခွဲအချိန်တွင် ARSA လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း AB News မှ စုံစမ်းသိရသည်။
ပစ်သတ်ခံခဲ့ရသူမှာ ဘူးသီးတောင်မြို့နယ်၊ ဓားပိုင်ဆရာအုပ်စု၊ ဓားပိုင်ဆရာကျေးရွာမှ အဖ ကာလာမျာ၏ သား မောင်ဘ အသက် ၂၈နှစ်ဖြစ်သည်။
ARSA လက်နက်ကိုင်အဖွဲ့က ကိုမောင်ဘ ကို ပစ်သတ်သွားသည်မှာ မှန်ကန်ကြောင်း အမည်မဖော်လိုသည့် ဒေသခံ ၁ဦးက ပြောသည်။
“မနေ့က မွန်းလွှဲ ၁၂ နာရီခွဲအချိန်မှာ ARSA လက်နက်ကိုင်အဖွဲ့ဝင် ၅ဦးဟာ ဓားပိုင်ဆရာကျေးရွာကို ဝင်ရောက်ပြီး အသက် ၂၈နှစ်အရွယ်ရှိ မောင်ဘကို ခြောက်လုံးပြူးသေနပ်ဖြင့် ပစ်သတ်ခဲ့တာပါ” ဟုဆိုသည်။
ARSA အဖွဲ့၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည့် မောင်ဘမသေဆုံးမီ ARSA အဖွဲ့သည် ဓားပြတိုက်နေသည့်အဖွဲ့ဖြစ်ပြီး၊ AA ကဲ့သို့ ကိုယ့်ပြည်ကိုယ့်မြေအတွက် တိုက်ပွဲဝင်သင့်ကြောင်း ပြောခဲ့၍ ပသ်သတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ရွာသားများ ပြောပြချက်အရ သိရသည်။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL