Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး အပြစ်မဲ့ပြည်သူ ၅ဦး သေဆုံး၊ ၄ဦး ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၂၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင် (မူဆလင်)ရွာတွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၈ရက်၊ ညဥ့် ၈နာရီ၊ ၃၀မိနစ်အချိန်တွင် အပြစ်မဲ့ပြည်သူ ၅ဦး သေဆုံး၊ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးခဲ့သူများမှာ ဘူးသီးတောင်မြို့နယ်၊ စေတီတောင် (မူဆလင်)ရွာမှ ဦးဇာဖော့ ၆၀နှစ်၊ ကိုမာမောက်တာမီ ၂၅နှစ်၊ ကိုဆွေတာမီ ၁၈နှစ်၊ မအာဂျီတာ ၁၄နှစ်နှင့် အခြားအမည်မသိရသေး ၁ဦး တို့ဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ ဘူးသီးတောင်မြို့နယ်၊ စေတီတောင် (မူဆလင်)ရွာမှ မမာဂျီတာ ၁၀ နှစ်၊ မောင်ရော်ဖီး ၇နှစ်၊ မောင်တောဟ ၁၅နှစ်နှင့် အသက် ၃၀အရွယ် အမျိုးသား ၁ဦးတို့ဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၈ရက်၊ ညဥ့် ၈နရီ၊ ၃၀မိနစ်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ စေတီတောင် (မူဆလင်)ရွာတွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ရွာသား ၅ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသား ၁ဦးက ပြောသည်။

“မနေ့က ညဥ့် ၈နာရီခွဲအချိန်မှာ သုံးဆယ့်တဘုံ စေတီကုန်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီအဖွဲ့ တပ်မ ၂၂ လက်အောက်ခံ၊ ခမရ ၂၀၉ တပ်ရင်းက လက်နက်ကြီး အကြိမ် ၂၀အထိ ပစ်ခတ်ခဲ့တယ်။ လက်နက်ကြီး ၁လုံးဟာ စေတီတောင် (မူဆလင်)ရွာမှ ဦဇာဖော့၏ နေအိမ်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် မီးလောင်ခဲ့တဲ့အပြင် ဦးဇာဖော့ အပါအဝင် မိသားစုဝင် ၅ဦး သေဆုံးခဲ့တယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ဦးဇာဖော့အိမ်တွင် ကျရောက်ပေါက်ကွဲပြီး ဦးဇာဖော့၏ မိသားစုဝင် ၇ဦးအနက် ဦးဇာဖော့အပါအဝင် ၅ဦးသေဆုံးခဲ့ပြီး ကျန် ၂ဦးမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက် နံနက် ၁၀ နာရီကျော်တွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သောလက်နက်ကြီးကျည် ထိမှန်ပြီး ဘူးသီးတောင်မြို့နယ်၊ စေတီတောင် (ရက္ခိုင်)ရွာမှ ရွာသား ၃ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ