Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် ခရစ္စမတ်ပွဲတော် ကျင်းပနေသည်ကို စစ်ကောင်စီအဖွဲ့က ရည်ရွယ်ချက်ရှိရှိ ဒရုန်းဖြင့် ဗုံးချ

ဘူးသီးတောင်မြို့နယ်တွင် ခရစ္စမတ်ပွဲတော် ကျင်းပနေသည်ကို စစ်ကောင်စီအဖွဲ့က ရည်ရွယ်ချက်ရှိရှိ ဒရုန်းဖြင့် ဗုံးချ

AB News – ဒီဇင်ဘာ ၂၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ယ်၊ စံညှင်းဝေ (ခမီ)ရွာတွင် ခရစ္စမတ်ပွဲတော်ကျင်းပနေသည်ကို စစ်ကောင်စီအဖွဲ့က ရည်ရွယ်ချက်ရှိရှိ ဒရုန်းဖြင့် ဗုံးပစ်ချခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ဒီဇင်ဘာလ ၂၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၅ရက်၊ နေ့လယ် ၁၂နာရီ၊ ၂၆မိနစ်အချိန်တွင် စစ်ကောင်စီအဖွဲ့၏ ဒရုန်းမှ ပစ်ချခဲ့သောဗုံးသည် ဘူးသီးတောင်မြို့နယ်၊ စံညှင်းဝေ (ခမီ) ကျေးရွာအတွင်း ခရစ္စမတ်ပွဲတော်ကျင်းပနေသည့် ခရစ္စယာန်ဘုန်းတော်ကြီးအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ကျေးရွာသား ၁ဦးက ပြောသည်။

“မနေ့က ၁၂နာရီ၊ ၂၆မိနစ် အချိန်မှာ ဒရုန်း ၁စီးဟာ

ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းအပေါ်က အသံမြည်ပြီး ၃ကြိမ် လှည့်ပတ်ပြီးနောက် ကျောင်းအနီးတွင် ဗုံးပစ်ချခဲ့တယ်” ဟု ဆိုသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ရက်နေ့၊ နေ့လယ် ၁၂နာရီ၊ ၂၆မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ စံညှင်းဝေ (ခမီ) ကျေးရွာအတွင်းတွင် ဒေသခံခရစ်ယာန် ဘာသာဝင်များ ခရစ္စမတ်ပွဲတော် ပျော်ရွှင်စွာ ကျင်းပနေသည်ကို ၎င်းကျေးရွာ၏တောင်ဘက် မီတာ (၃၀၀) ခန့်အကွာ (ယခင် ရွာဟောင်း) သို့ စစ်ကောင်စီသည် ရည်ရွယ်ချက်ရှိရှိ ဖျက်လိုဖျက်ဆီးဖြင့် ဒရုန်းဗုံး (၁) လုံး လာရောက်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်ပြည်ရှိ မြို့၊ ရွာများကိုလက်နက်ကြီး၊ လက်နက်ငယ်၊ ရဟတ်ယာဥ်၊ ရေတပ် နေဗီနှင့် ဒရုန်းတို့ဖြင့်် ဗုံးကြဲ၊ တိုက်ခိုက်နေသောကြောင့် အရပ်သားပြည်သူများ၏ အသက်၊အိုးအိမ်များ ဆုံးရှုံးလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ