Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဆယ်ကျော်သက် မူဆလင်ကလေး ၁ဦး ထိခိုက်ဒဏ်ရာရ

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဆယ်ကျော်သက် မူဆလင်ကလေး ၁ဦး ထိခိုက်ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၁၄၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီအဖွဲ ခမရ ၅၆၅မှ ပစ်ခတ်သည်လက်နက်ကြီးကျည်စ ထိမှန်ပြီး ဘူးသီးတောင်မြို့နယ်မှ ဆက်ကျော်သက်အရွယ်မူဆလင် ကလေးငယ် ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိခဲ့သူမှာ ဘူးသီးတောင်မြို့နယ်၊ သရက္ကင်းမနူးအုပ်စု၊ ကြက်မောက်တောင် တောင်ရွာမှ အဖ အာမန်အူလ္လာ၏သား အဒူရာမာန် ၁၁နှစ်ဖြစ်ပြီး ၎င်း၏ ညာဖက်ပေါင်တွင် ကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၀နာရီ ၂၀မိန်အချိန်ခန့်တွင် ဘူးသီးတောင်အခြေစိုက် စကခ ၁၅လက်အောက်ခံ ခမရ ၅၆၅တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာသား ၁ဦးက ပြောသည်။

“ဒီနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်မှာ ခမရ ၅၆၅ တပ်ရင်းက လက်နက်ကြီးတွေ ပစ်တယ်။ လက်နက်ကြီး ၁လုံးဟာ ကြက်မောက်တောင်ရွာ သင်္ချိုင်းအနီး ကျရောက်ပေါက်ကွဲပြီး နွားကျောင်းနေတဲ့ မောင်အဒူရာမာန်ရဲ့ ညာဘက်ပေါင်မှာ လက်နက်ကြီးကျည်စ ထိမှန်ခဲ့တယ်” ဟု ဆိုသည်။

ယခုအချိန်တွင် မောင်အဒူရာမာန်အား ဘူးသီးတောင်မြို့မဆေးရုံးသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေကြရကြောင်း သိရှိရသည်။

ရက္ခိုင်တွင် စစ်ကောင်စီက အရပ်သားပြည်သူနေထိုင်သည့် ရပ်ရွာများဖက်သို့ လက်နက်ကြီး၊ ငယ်၊ ရဟတ့ယာဥ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်လာသောကြောင့် နေ့တိုင်းနီးပါး ထိခိုက်ဒဏ်ရာရ နေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ