Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် မူဆလင် အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရ

AB News-နိုဝင်ဘာ ၂၀၊ ၂၀၂၃

ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ငယ် ကျည်ထိမှန်၍ ရက်ချောင်း(မူဆလင်)ကျေးရွာမှ မူဆလင်အမျိုးသမီးတစ်ဦး ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်ဟု ရွာသား ၁ ဦးက AB News သို့ပြောသည်။

ဒဏ်ရာရရှိသူမှာ အဖ ဖော်ဇော်အမောတ်၏ သမီး နူရူဂျာဟန် အသက် ၆၀နှစ်ဖြစ်ပြီး၊ ဘယ်ဘက်ဒူးတွင် လက်နက်ငယ်ကျည်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဘူးသီးတောင်မြို့နယ် စိမ်းညှင်းပြားအုပ်စု၊ တင်ဆက်(မူဆလင်)ရွာ၏ အနောက်ဘက် တောင်ကုန်းတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၁၀ တပ်ရင်းမှ ယနေ့ နိုဝင်ဘာ ၂၀ ရက် မနက် ၈ နာရီ ၄၅ မိနစ်က ရမ်းသန်းပစ်ခတ်စဥ် ထိုမူဆလင်အမျိုးသမီးမှာ လက်နက်ငယ် ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။

ဘူးသီးတောင် ​မြောက်ပိုင်းရှိ ကထီးလှ ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ သည် (၃)ရက်ကြာ တိုက်ပွဲ ပြင်းထန်ဖြစ်ပျက်လျက်ရှိသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ကူများ၊ ရဟတ်ယာဥ်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက်မှုရှိကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ