Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် မူဆလင်အမျိုးသား ၁ ဦး စကစ ထောင်ထားသည့် မိုင်းအား နင်းမိပြီး ခြေထောက် တစ်ဖက် ပြတ်သွားကြောင်း သိရ

ဘူးသီးတောင်မြို့နယ်တွင် မူဆလင်အမျိုးသား ၁ ဦး စကစ ထောင်ထားသည့် မိုင်းအား နင်းမိပြီး ခြေထောက် တစ်ဖက် ပြတ်သွားကြောင်း သိရ

AB News-နိုဝင်ဘာ ၁၇၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းရွာမှ မူဆလင်အမျိုးသား တစ်ဦးသည် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်းအား နင်းမိပြီး ညာဖက်ခြေထောက် တစ်ဖက် ပြတ်သွားကြောင်း သိရသည်။

မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားသူမှာ တပ်မင်းချောင်း (မူဆလင်) ရွာမှ အဖ ဦးလုံဖာ၏သား အသက် ၄၀ နှစ်အရွယ်ရှိ မာမတ်အီဆူးဖြစ်သည်။

၎င်းသည် နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လယ် ၁၁ နာရီ ၁၀ မိနစ်ခန့်က ဘူးသီးတောင်မြို့မှ ဈေးဝယ်ပြီ အိမ်အပြန် ဘူးသီးတောင်အခြေချဗျူဟာ လက်အောက်ခံ ခမရ ၂၃၄ တပ်ရင်းအနီးတွင် ထောင်ထားသည့် မြေမြုပ်မိုင်းအား နင်းမိပြီး ခြေထောက် တစ်ဖက်ပြတ်သွားခြင်းဖြစ်သည်ဟု တပ်မင်းချောင်းကျေးရွာမှာ ရွာလူကြီး ၁ ဦးက ပြောသည်။

ညာဖက်ခြေထောက် ဒူးဆစ်အောက်မှ လုံးဝပြတ်သွားခြင်း ဖြစ်ပြီး၊ ဒဏ်ရာမှာ အလွန်ပြင်းထန်ကြောင်း ရွာလူကြီးက ဆက်ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ